Public မဖွင့်ရဲတဲ့ကဗျာ

လူမျိုးဘာသာမရွေး သုံးဆောင် နိုင်သည်လို့ အခန်းဝ မှာ စာကပ်ထားလိုက်တယ်။
ရှင်ကတော့ မထူးခြားသလို ကြည့်နေဦးမှာမလား
ကမ္ဘာကြီး ဟာ လူမျိုးဘာသာမတူလို့ ခံယူချက်တွေမတူလို့ စစ်ပွဲတွေဖြစ်ရတာမဟုတ်လား
ကျမ တို့ကတော့ စစ်ပွဲ တွေကို ရပ်တန့် ပစ်နိုင်တယ် ဆိုတာ ရှင်ယုံရဲ့ လား
ဘာရယ်တော့မဟုတ်ပါဘူး
ရှင့်နားနေတော့ ကြီးကြီးကျယ်ကျယ်တွေ ပြောတတ်လာတာပါ။
ရှင်ကြည့်တဲ့ ဘောလုံးပွဲတွေဟာ ပယ်နယ်တီဆိုတာ သိပ်ရှား
ကျမ ကတော့ ပယ်နယ်တီကို ဖမ်းရတဲ့ ဂိုးသမ
ကျွမ်းကျင်သူတွေသာ အမှတ်ပေးဇယားထိပ်
တန်းဆင်းဇုန်ကို ကျမ ရောက်မသွားသေးဘူး။
ရှင့်စိတ်တွေ ဂယောက်ဂယက် ဖြစ်တဲ့အခါ
ဒီကို လာခဲ့ပါ။
ဂိုးသွင်းကောင်းတဲ့ ကိုကိုဆိုတဲ့ သီချင်းဟာ
ရှင်နဲ့ ကျမှ ကျမ ဆိုနေကြ သီချင်းဖြစ်လာမှာ
ဆေးစစ် ရမယ် ဟုတ်လား
အိမ်ဖြည့်ဝင်ကန်ရတဲ့ ရှုံးလည်းထွက၊်နိုင်လည်းထွက်ပွဲစဉ်တွေလိုပေါ့
အဖြေသိလည်း ထူးဦးမှာလား ။

လွမ်းတေးချို
၁၂ နာရီ ၃၃ မိနစ် (မွန်းလွဲပိုင်း)

၂၁.၄.၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်