ကျနော် ကဗျာ ရွတ်ချင်တယ်
ကျနော် ကဗျာ ရွတ်ချင်တယ်။
လူသိပ်များရင် အသံတွေကြားပါ့မလား
လူသိပ်နည်းရင်ကော အားရပါ့မလား
လူသိပ်များရင် အသံတွေကြားပါ့မလား
လူသိပ်နည်းရင်ကော အားရပါ့မလား
ကျနော်ကဗျာ ရွတ်ချင်တယ်
မိုက် နဲ့ ဆို အသံကြည်ပါ့မလား
ကျနော်က မိုက်လည်း ကြောက်တတ်သေး။
မိုက် နဲ့ ဆို အသံကြည်ပါ့မလား
ကျနော်က မိုက်လည်း ကြောက်တတ်သေး။
ကျနော် ကဗျာ ရွတ် ချင်တယ်
ဘယ်ကဗျာရွေးရမလဲ
ဘယ်ကဗျာ ပယ်ရမလဲ
ဘယ်နှစ်ပုဒ် ရွတ်ရမလဲ
ဘယ်ကဗျာရွေးရမလဲ
ဘယ်ကဗျာ ပယ်ရမလဲ
ဘယ်နှစ်ပုဒ် ရွတ်ရမလဲ
ကျနော်ကဗျာ ရွတ်ချင်တယ်
ဌာန်ကရိုဏ်းကျပါ့မလား
ဘယ်သူတွေဖိတ်ရမလဲ
ဘယ်သူတွေ လာကြမလဲ
ဌာန်ကရိုဏ်းကျပါ့မလား
ဘယ်သူတွေဖိတ်ရမလဲ
ဘယ်သူတွေ လာကြမလဲ
ကျနော် ကဗျာ ရွတ်ချင်တယ်
လွမ်းတေးချို
၃၀ဇူလိုင် ၂၀၁၃
၃၀ဇူလိုင် ၂၀၁၃
Comments
Post a Comment