ဗမှား

ဗမှားဟာ ဘာမှားခဲ့လဲ
ဗမှားမှာ အခြားသူငယ်ချင်းတွေရှိတယ်
ဗမှားဟာ သူနေတဲ့နေရာမှာလူနည်းစု
ဗမှားကို အခြားမတူသူတွေက ပြောတယ်
လူလိမ်မျိုးတွေ ရက်စက်သူတွေတဲ့
ဗမှားဟာ လှေတစ်စင်းလုံးကြောင့်
ပုပ်ခဲ့တဲ့ ငါးခုံးမ
ဗမှား တွေးတယ်
ဗမှား သိလိုက်တယ်
ဗမှားဟာ မေတ္တာတရားကို သင်ယူတယ်
ဗမှားဟာ စာအုပ်တွေဖတ်တယ်
ဗမှားဟာ လူမျိုးဆိုတာ မရှိဘူးလို့ ယူဆတယ်
အကုန်လုံး တည်ဆောက်ထားတာလို့လက်ခံတယ်
ဗမှားကိုပြောကြသေးတယ်
လူမျိုးတစ်မျိုးရဲ့ ဖြစ်တည်မှုဆိုတာ သွေးထဲမှာ စီးဆင်းတယ်
ဗမှားဟာ စကားဝိုင်းနဲ့ဝေးရာ ပြေးထွက်ခဲ့တယ်
ဗမှားဟာ လူသားစင်စစ်တွေနဲ့နေထိုင်လိုတယ်
ဗမှားဟာ အမုန်းနဲ့ ဝေးချင်တယ်
ဗမှား ဘာများမှားခဲ့သလဲမမေးနဲ့
ဗမှားဟာ ၀ါးလုံးရှည်နဲ့ အရိုက်ခံ ရတာ
ခက်တာက ဗမှား ဟာ
သူ့ကိုယ်သူ ဘာလူမျိုး မှန်းလည်းမသေချာပဲ
အဆဲခံရတာ အသဲနာ။

လွမ်းတေးချို
၂၇ဇူလိုင် ၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်