ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

အတုတွေများဗျာ လာမလုပ်နဲ့
အတုလုပ်တယ်ဆိုတာ အသုတ်လု ရတာဖြစ်တယ်
ကြာမှ တုလို့ မရဘူးမှတ်
ဟာဗျာ ဘယ်မှာမှ သင်လာတာ မဟုတ်ဘူး
ဘ၀ပေးအသိ
ကျုပ်က အတွေ့ အကြုံကို ဗဟိုပြု သင်ယူသူဖြစ်တယ်
လူသားဟာ ကဗျာရေးတတ်ဖို့မလိုဘူး
ဒါဆိုဘာလိုလဲ လာမမေးနဲ့
ရေးတတ်ဖို့မလိုဘူး စကားကို နားလည်အောင်ကြိုးစား
ဒါဟာ အဖြူ မဟုတ်ဘူး
ဒါဆိုဘာလဲ လာလာ မမေးနဲ့
အဖြူမဟုတ်ဘူး ဆိုတာကို နားလည်အောင် ကြိုးစား
အတွေ့ အကြုံ ယူစမ်းပါ


လွမ်းတေးချို
4 Aug 2013

Comments

Popular posts from this blog

စာဟောဆရာ

ပန်းကလေးနဲ့ ကျနော်