ပေကပ်ကပ်ကောင်

ပွဲတော်ထဲမှာ
ပွဲကသူတွေများလို့ ငါလှည့်ပြန်ခဲ့တယ်
နှစ်သက်ရာဝင်က ဆိုပေမယ့်
ပရိတ်သတ်တွေ အတွက်
ထိုင်စရာ ပေးရမယ် မဟုတ်လား
ငရုတ်သီးနဲ့ တွဲမြင်တဲ့ အခါ
ငါ့ကို စပ်တယ်လို့မြင်ကြပြီး
သရက်သီးနဲ့ တွဲမြင်တဲ့အခါ
ငါ့ကို ချိုလွန်းတယ်လို့ မမြင်ကြဘူး
တချို့လူတွေရှိတယ် 
ပြောနေရင်း လင်းသွားတာ
ကြားနေရင်းမှောင်သွားတာ
ငါသိခဲ့ပါပြီ
အိုးဖာတိပ်နဲ့ တမိုးလုံး
မလုံလောက်ဘူးဆိုတာ



လွမ်းတေးချို
ည ၁၁း၁၅နာရီ 
၁၄သြဂုတ်၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်