တစ်နှစ်လုံးအိပ်ပျော်နေခဲ့တယ် အချိန်တန်တော့ အံ့သြတကြီးထထကြည့်
ဘာ!
၂၀၁၂ ဟာ အလွမ်းတစ်ဖက် အချစ် တစ်ဖက်စီပါတဲ့ ဒင်္ဂါးပြား
ဘာ!
၂၀၁၂ ဟာ ငြိမ်းချမ်းရေးအတွက် စစ်ပွဲ ဆင်နွှဲတဲ့ ကာလ
ဘာ!
၂၀၁၂ ဟာ အပေါစား ကဗျာ ဆရာ တစ်ယောက်ထွက်တယ်
ဘာ!
၂၀၁၂ ဟာ လမ်းပေါ်လူထွက် ဖယောင်းတိုင်ရောင်းကောင်း
တီရှပ် တွေ၊ တံဆိပ်ရိုက်လုပ်ငန်းတွေ အမြတ်ပိုတဲ့နှစ်
ဘာ!
၂၀၁၂ ဟာ လမ်းတွေကျဉ်းသွားတဲ့နှစ်
ဘာ!
၂၀၁၂ ဟာ မိုက်တီးတွေ မီးတိုက်ခံရတဲ့သမယ
ဘာ!
၂၀၁၂ ဟာ စနစ်ပြောင်းပြီး လူမပြောင်းတဲ့ ကစားပွဲ
ဘာ!
၂၀၁၂ ဟာ ပင်နယ်တီစည်းအစပ်မှာ ဝေ့နေတဲ့ဘောလုံးတစ်လုံး
ဂိုးမ၀င်ခဲ့ပါဘူးတဲ့
ဘာ……..ဘာ……….ဘာ!
လွမ်းတေးချို
ဒီဇင်ဘာ ၂၀၁၂
Comments
Post a Comment