ဆွီဒင်
ရာသီဥတုက ငါ့ဖက်ပါမပါ မသိဘူး
ဘီယာဈေးက ရေဈေးထက် ချိုနေရှာတယ်
မှားချင်းမှားရင် အစိုးရမှားနေတာပဲ ဖြစ်မှာပေါ့
လမ်းပြမြေပုံလေး တွေ အလကားဝေပါ့
သူတို့ ဘာသာစကားနဲ့ ရေးထားတယ်
အော် ဒေသခံတွေ လမ်းပျောက်မှာ စိုးတဲ့ အစိုးရ
ကိုယ်သွားချင်တဲ့နေရာကို
လမ်းသုံးခါမှားပြီးရောက်တဲ့အခါ
နယ်မြေသစ်တွေ့ တဲ့ ကိုလံဘတ်ကြီးတော့မသိ
ကိုယ်တော့ လက်မတွေချည်း စွတ်ထောင်ခဲ့။
လက်ထဲမှာ ရှိတဲ့ အမေရိကန်ကြီးက ဒီမှာသုံးမရဘူး
ဝယ်ချင်တဲ့ပစ္စည်းကရှေ့ မှာ
ဆိုင်ရှင်ရဲ့ ခေါင်းတရမ်းရမ်း ငြင်းဆိုမှုမှာ
ငွေကြေးတန်ဖိုး ကို ပိုနားလည်ခဲ့ပြန်တယ်။
မြန်မာ ရုပ်ဆင်တာတွေ့ တဲ့အခါ
အနားနားကပ်ပြီး စကားခိုးနားထောင် ဖြစ်သေးတယ်
ကိုယ်တွေက သွားလေရာမှာ မြန်မာ စကားငတ်လေရဲ့ ။
အေးစက်စက်လေပြင်းတွေ
အင်္ကျီကိုယ်လုံးတီးနဲ့ ရေကူးနေသူတွေ
မေးတဂက်ဂက် ရိုက်ရင်း သြချငေးယူရတယ်။
ဟိုးတောင်ကြီးတန်ဆောင်တိုင်ပွဲလိုပ
သူတို့ပွဲတော်ကြီးကလည်း ဆိုင်ခန်းတွေ လမ်းဘေးဘယ်ညာ
ပူစီပေါင်းဘယ်နှစ်လုံးဖောက်ရင် ချောကလက်ဘယ်နှစ်တောင့်
ကမ္ဘာကြီးဟာ ရွာတစ်ရွာပါလေ
ကိုယ်တွေကတော့ သူကြီးမျိုးရိုးမဟုတ်ဘူးပေါ့ ။
လွမ်းတေးချို
၉ နာရီ ၅၃ မိနစ် ( ညနေခင်း)
၁၉.၈.၂၀၁၄

Comments
Post a Comment