ပန်းတွေကမွှေးလိုက်တာဗျာ..... ဟုတ်ကဲ့ အဲဒါ စက္ကူပန်း ကြီး.....

တော်ပြီလေ 
တော်ကီတွေ လွန့်လူးပြီး 
သူရဲ ကောင်း လုပ်လိုသူတွေနဲ့ ....

တော်ပြီလေ
အလုပ်နည်းနည်း နဲ့ ဓာတ်ပုံများများ
ဖားရိုက် တဲ့ လုပ်ငန်းစဉ်တွေနဲ့

တော်ပြီလေ
ကြေးစားယောင်ယောင်
စေတနာ့ဝန်ထမ်းတွေနဲ့

တော်ပြီလေ
တံတွေးကို မြို ချ
အမှောင်ထဲက လက်သီးတွေ

တော်ပြီလေ
လက်ညှိုး ချည်း ထိုး
သူ့လေ ကြောင့် ပါဝါနည်းသူတွေ ခေါင်းငုံ့ ရ

တော်ပြီလေ
အသံတိတ်ပြီး ချောင်းဆိုးတဲ့
အနာတရ တွေ

တော်ပြီလေ
တော်လောက်ပါပြီလေ.....။

လွမ်းတေးချို 

၅နာရီ ၅၈ မိနစ် (ညနေခင်း)
၁၉.၃. ၂၀၁၄

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်