အထက်ပိုင်းပြက်လုံးတော့ရောင်းပါ အလကားဆိုမလိုချင်ဘူး
ရေထဲမှာ မီးတွေထတောက်တယ်
တွေ့လား အရက်ဆိုတာ
အဲလိုမီးတောက်မှလို့ ဆိုလိုက်တယ်
မီးလောင်တတ်တဲ့
ရေတစ်မျိုး ဟာ အရက်ပဲ
စီးကရက်ကို
ဘူးထဲ မထည့်မိတဲ့အခါ
အိမ်ယာခင်း
တစ်ခုလို တွန့်ကြေနေတယ်
အရသာဟာ ဖွယ်
တယ်
ဒီအကြောင်းကို
Passive smoker တွေသိမှာမဟုတ်ဘူး။
နံရံကိုမှီပြီး
စဉ်းစားတယ်
စဉ်းစား သမျှဟာ
နံရံကို မှီပြီး ထွက်လာတာမဟုတ်ဘူး
မြေဖြူခဲတွေနဲ့
စက္ကူပေါ်ချရေးပစ်တယ်
လည်ချောင်းမရှင်းဘူး
အဆောက်အဦးတွေ
ထဲမှာ မီးပျက်နေတယ်
ဒါဟာမှောင်ရိပ်ခိုသူတွေ
တည်ရှိရာပဲ
အသက်မွေးဝမ်းကြောင်းအတည်အကျ
မရှိလို့ ရဲဖမ်းခံလိုက်ရတယ်
ရယ်စရာမဟုတ်ပဲ
ရယ်တယ်နော်လို့
ရယ်ရင်း ကိုယ့်ကို
ပြောရှာတယ်
သူသိပြီးသား
ပြက်လုံးတွေချည်း ကိုယ်ပြောမိတယ်
တစ်ဝက်တစ်ပျက်မှာ
သိပြီးသားကြီး ဆိုတာမျိုး ကိုကြုံရတယ်
အထက်ပိုင်းပြက်လုံး
နည်းနည်း ရောင်းကြပါ။
အလကား ရရင်
လူတွေ မရယ်မှာ စိုးရတယ်။
လွမ်းတေးချို
၁၆.၆.၂၀၁၄
၃နာရီ ၃၇
မိနစ် (ညနေပိုင်း)
Comments
Post a Comment