လက်ဖက်
ဟိုးတုန်းက အငြင်းပွားမှု ကို ကျေအေးစေတဲ့ အထိမ်းအမှတ်စားဖွယ်
လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရမယ်ဆိုတာရှိသေး
ရှမ်းပြည်မှာ မွေးခဲ့တော့
ချစ်သူရဲ့  လက်ဖက် အညွှန့် နှပ်ကလေး ကိုမျှော်ရ
တောင်တက်နှေးခဲ့ရတဲ့ ရက်တွေ ။
ရှမ်းပြည်မှာ မွေးခဲ့တော့
ချစ်သူရဲ့  လက်ဖက် အညွှန့် နှပ်ကလေး ကိုမျှော်ရ
တောင်တက်နှေးခဲ့ရတဲ့ ရက်တွေ ။
မျက်နှာလုပ်လို့ရတဲ့ အလှူ လက်ဖက်
အဖွားကြီးသုပ်လို့လည်း ခေါ်တတ်သေးရဲ့ 
ဆွမ်းကျွေး ၊ ရှင်ပြု ၊ ထိမ်းမြား
မင်္ဂလာရှိလာတဲ့ အစားအစာ
အခုတော့ ဝေးဝေးတစ်ခါ ကြုံရ ဆုံရ တယ်။
အဖွားကြီးသုပ်လို့လည်း ခေါ်တတ်သေးရဲ့ 
ဆွမ်းကျွေး ၊ ရှင်ပြု ၊ ထိမ်းမြား
မင်္ဂလာရှိလာတဲ့ အစားအစာ
အခုတော့ ဝေးဝေးတစ်ခါ ကြုံရ ဆုံရ တယ်။
ဧည့်သည်လာလည်း ဒါပဲ
ကိုယ်သွားလည်ရင်လည်း ဒါပဲစားရ
အခါးရည်ဆိုတာလည်း ဒီအရည်
လက်ဖက်ရည်ဖျော်တော့လည်း ဒါပဲ
ကိုယ်သွားလည်ရင်လည်း ဒါပဲစားရ
အခါးရည်ဆိုတာလည်း ဒီအရည်
လက်ဖက်ရည်ဖျော်တော့လည်း ဒါပဲ
အိပ်မငိုက်အောင် လက်ဖက်စားခဲ့တယ်
အဆောင်ရှေ့ မှာ ဂစ်တာတီးတော့လည်း
လက်ခုပ်သံနဲ့ လက်ဖက်သုပ်ကလေးကို မျှော်ခဲ့ရ ။
အဆောင်ရှေ့ မှာ ဂစ်တာတီးတော့လည်း
လက်ခုပ်သံနဲ့ လက်ဖက်သုပ်ကလေးကို မျှော်ခဲ့ရ ။
နတ်တွေလည်း လက်ဖက်နဲ့မကင်း
ကန်တော့ပွဲမှာလည်း လက်ဖက်
အသီးမှာ သရက်
အရွက်မှာ လက်ဖက်
ကန်တော့ပွဲမှာလည်း လက်ဖက်
အသီးမှာ သရက်
အရွက်မှာ လက်ဖက်
ကြီးကြီးကျယ်ကျယ်ပြောခဲ့တယ်
မြန်မာပြည်မှာနေရင် လက်ဖက်နဲ့ ကင်းလို့ မရ ။
မြန်မာပြည်မှာနေရင် လက်ဖက်နဲ့ ကင်းလို့ မရ ။
လွမ်းတေးချို
၁၅ ဇူလိုင် ၂၀၁၆
၁၅ ဇူလိုင် ၂၀၁၆
Comments
Post a Comment