ဘန်ကောက် ၂
လက်ညှိုးထိုးပြီးရင် ပြန်ကွေးထားလိုက်
အဲဒီနေရာမှာ အဖြူတွေရှိတယ်
ခလုတ်တိုက်တဲ့နေရာမှာကြည့်လိုက်
အဲဒီမှာ 7/11 ရှိတယ်
ရိုးရာအနှိပ်ခန်းတွေက
ရိုးရဲ့ လား
ဆ၀ါဒီခ ဆိုတာလေး ကြားရတယ်။
လူတွေက အထည်တွေကိုဝတ်တာလား
အထည်တွေက လူတွေကို ၀တ်သွားတာလား
ဘတ်ငွေတွေ လျှောခနဲ ထွက်သွားမယ်။
မြန်မာကပါလို့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆတ်တဲ့အခါ
အော် ဖမာ့ လို့ သူတို့ အသံထွက်လေး ပြန်ပြန်ကြားရ
အောင်ဆန်းစုကြည် ဆိုတာ
တွဲလျက်ပါလာပြန်တယ်။
အချို့ က တော့ ကိုယ်နားမလည်တဲ့အကြည့်နဲ့ ကြည့်တယ်
အော့နှလုံးနာစရာပဲ
သမိုင်းက သိသိသာသာ ဒဏ်ခတ်ခဲ့ပြီ။
ကောက်ရိုးမီးလိုထတောက် တဲ့ ဘန်ကောက်မိုး
အငြိုးတကြီးထလပြီး
နှုတ်တောင် မဆက်ပဲ ပြန်သွားတတ်တယ်။
မိုးပျံရထားလည်း ၀ယ်စီးဖူးပြီ
ကိုယ့်ဟာကိုယ်လည်း လူတတ်ကြီးထင်လာပြီ
အရေးအကြောင်းဆို အိမ်သာတော့ မရှာတတ်ဘူးပေါ့။
ပေါချောင်ကောင်းတဲ့ဟော်တယ်မှာ တည်းရတာဆိုတော့
အင်တာနက်က ငတ်တစ်လှည့်ပြတ်တစ်လှည့်
အ၀င်တံခါးက အလီဘာဘာထဲက ဂါထာရွတ်ပြီး ဖွင့်ရသလိုပေါ့
အချိန်တန်တော့လည်း ပြန်ရမှာပေါ့
မြို့ ကြီးက ထိန်ထိန်ညီးနေတယ်
အဲ့မီးတွေ ဘယ်ကရတာလဲ
ဘီယာဘူးခွံကအစ အရုပ်လုပ်ရောင်းတဲ့မြို့ 
ငွေရှိရင် ပျော်စရာတွေ ဟီး လို့ပေါ့ဗျာ
လွမ်းတေးချို
၃.၈.၂၀၁၄
၁ နာရီ ၃၄ မိနစ် ( သန်းခေါင်ယံ)
အဲဒီနေရာမှာ အဖြူတွေရှိတယ်
ခလုတ်တိုက်တဲ့နေရာမှာကြည့်လိုက်
အဲဒီမှာ 7/11 ရှိတယ်
ရိုးရာအနှိပ်ခန်းတွေက
ရိုးရဲ့ လား
ဆ၀ါဒီခ ဆိုတာလေး ကြားရတယ်။
လူတွေက အထည်တွေကိုဝတ်တာလား
အထည်တွေက လူတွေကို ၀တ်သွားတာလား
ဘတ်ငွေတွေ လျှောခနဲ ထွက်သွားမယ်။
မြန်မာကပါလို့ ယဉ်ယဉ်ကျေးကျေး နှုတ်ဆတ်တဲ့အခါ
အော် ဖမာ့ လို့ သူတို့ အသံထွက်လေး ပြန်ပြန်ကြားရ
အောင်ဆန်းစုကြည် ဆိုတာ
တွဲလျက်ပါလာပြန်တယ်။
အချို့ က တော့ ကိုယ်နားမလည်တဲ့အကြည့်နဲ့ ကြည့်တယ်
အော့နှလုံးနာစရာပဲ
သမိုင်းက သိသိသာသာ ဒဏ်ခတ်ခဲ့ပြီ။
ကောက်ရိုးမီးလိုထတောက် တဲ့ ဘန်ကောက်မိုး
အငြိုးတကြီးထလပြီး
နှုတ်တောင် မဆက်ပဲ ပြန်သွားတတ်တယ်။
မိုးပျံရထားလည်း ၀ယ်စီးဖူးပြီ
ကိုယ့်ဟာကိုယ်လည်း လူတတ်ကြီးထင်လာပြီ
အရေးအကြောင်းဆို အိမ်သာတော့ မရှာတတ်ဘူးပေါ့။
ပေါချောင်ကောင်းတဲ့ဟော်တယ်မှာ တည်းရတာဆိုတော့
အင်တာနက်က ငတ်တစ်လှည့်ပြတ်တစ်လှည့်
အ၀င်တံခါးက အလီဘာဘာထဲက ဂါထာရွတ်ပြီး ဖွင့်ရသလိုပေါ့
အချိန်တန်တော့လည်း ပြန်ရမှာပေါ့
မြို့ ကြီးက ထိန်ထိန်ညီးနေတယ်
အဲ့မီးတွေ ဘယ်ကရတာလဲ
ဘီယာဘူးခွံကအစ အရုပ်လုပ်ရောင်းတဲ့မြို့ 
ငွေရှိရင် ပျော်စရာတွေ ဟီး လို့ပေါ့ဗျာ
လွမ်းတေးချို
၃.၈.၂၀၁၄
၁ နာရီ ၃၄ မိနစ် ( သန်းခေါင်ယံ)
Comments
Post a Comment