ရယ်စရာ ကစားနည်း

ဟိုးဖလင် ကင်မရာခေတ်တုန်းက
ငါဆုရတာ
သူငယ်ချင်းတစ်ယောက်ကို ရိုက်ခိုင်းတယ်
ဓာတ်ပုံရဖို့ စောင့်ရတာအမော
အချိန်တန်တော့
ငါ့ဓာတ်ပုံကို မြင်ရပြီ
ငါ့ကိုယ်လုံးဟာ ဆုယူနေပုံ
ငါ့ခေါင်းပိုင်းဟာ ပုံထဲပါမလာ
အပြစ်တင်တဲ့ ဂိမ်းအစား
ရယ်မောခြင်းကို ငါလေ့ကျင့်ခဲ့တယ်

လွမ်းတေးချို
ည ၁၁း၅၇ နာရီ
၁၄သြဂုတ်၂၀၁၆

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်