ငါလိုလူ ဘယ်နှစ်ယောက်ရှိ
လူတိုင်းဟာ
ဒီဒေသ မှာ ကြီးပြင်းခဲ့တာချည်းမဟုတ်ပေမယ့်
ငါရောက်လာတော့ မီးတွေကထွန်းပြီးသွားပြီ
အလင်းဟာ မျက်နှာလိုက်တယ်
ဖြာကျချင်သူကိုသာ ဖြာကျနေပြီး
တောက်ပ ချင်ရက်နဲ့ အမှောင်ထဲမှာ ထိုင်နေသူ တချို့  ကို တွေ့တယ်
ငါဖျားနေပြီလို့ပြောတော့
ဆေးပုလင်းတွေဟာ ဖုတ်ဖက်ခါပြီး ထွက်သွားကြတယ်
ငါ ကစားချင်တယ်ဆိုတော့
ငါ့ကို ကွင်းထဲပေးမ၀င်ဘူး
ငါ ဂိုးသွင်းနိုင်တဲ့အကြောင်း တဖွဖွပြောတယ်
ဘယ်သူမှ မကြားခဲ့ဘူး ။

လွမ်းတေးချို
၂၇ ဇူလိုင် ၂၀၁၆
၂၇ ဇူလိုင် ၂၀၁၆
''How Many Are Thou Like Me?''
Not all are born and bred in these lands...
Whence I came, the fires already lit...
Lights favour whom it does...
Seekers of its grace are seen in the dark...
Whence I uttered of my sickness, they dined and ditched the medicine....
''Lo, let me play.'' said I to thee, but none dared permit me to the field....
Plenty of goals I repeated, but none shall hear me....

Lwantaycho
27th July 2016.
Translated by Thar Oo Kyaw
27th July 2016.
Translated by Thar Oo Kyaw
Comments
Post a Comment