အချိန်တန်တော့ ဒီဘူတာပဲဆိုက်

သူမ ဟာ အပ်တစ်ချောင်းဖြစ်တယ်
ငါ့စိတ်ကို ပူစီဖောင်းတစ်လုံးလို့ ထင်နေပုံရတယ်.......
ရိုးအီနေတဲ့ စကားစစ်က
အချစ်မဟုတ်ဘူး
မထိတထိ မဲ့ပြုံး က
အချစ်ဆုံး မဟုတ်ဘူးဆိုတာ
ပြောမ ပြဖြစ်ဘူး
ကျေနပ်မှုတွေ ကို ကျေနပ်အောင် မရှာဘူး
အဲဒီတော့ ငါလည်း
စက်ရုပ်မဟုတ်ဘူး........
ရေများ ချင်များ ပါစေ
ချောင်းကိုပစ်ခဲ့တယ်
မြစ်ကိုရှာခဲ့တယ်....
ချောင်းလည်း မတွေ့ မြစ်လည်းမတွေ့
သမုဒ္ဒ ရာလည်း မတွေ့
ပြန်ကွေ့ ခဲ့တာ မဟုတ်ဘူး
ပြန်တွေ့ ခဲ့တာ
အချစ်က ပြန်ဝေ့ ခဲ့လေတော့တယ်


လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်