ဒိုင်ယာရီထဲ ထိ အဖျားတွေတက်
အဖျားဓာတ်က ငွေ့ ငွေ့ လေး
ကိုယ်တွေလည်း လှုပ်ရခက်
ဆာလောင်မှု ရှိနေတယ်
ရေတွေချည်း လှိမ့်သောက်
ကိုယ့်ကို ကယ်ပါ
ကိုယ့်ကို ဆယ်ပါ
လေတိုက်တာတောင် ကိုယ်ကြောက်နေမိ
လူမှုဖူလုံရေးဟာ ကြက်ပျောက်ငှက်ပျောက်
ပိုလီယို မဖြစ်ခဲ့တာပဲ ကျေးဇူးတင်ရ
နှိုင်းယှဉ်တတ်တဲ့ ဥာဉ်ကလေးက
စိတ်ဆင်းရဲ မှု ဆီ
ဒေါသထွက်မှု ဆီ
ဘယ်သူ့ အပြစ်တင်ရမလဲ
ဂိမ်းစက်တွေ ရိုက်ခွဲ ပစ်ချင်
ရေလည်း ချိုးမရ
တစ်ကိုယ်လုံး ပူကျစ်လာတယ်
အာရုဏ်နဲ့  အဖျားဟာ တပြိုင်နက်ထဲ ရောက်လာ
အဖျားဒီဂရီ တစ်ရာ့တစ်
ဆေးထိုးအပ်ကို မြည်းစမ်းခွင့်ရ
အဲဒီ ၀က်လိုလို ၊ ၀က်ဝံလိုလို အိပ်ရာခင်းပေါ်က အကောင်တွေ
ပြောင်လှောင် နေသလား
ဒုက္ခပေးပြီး မသေလိုဘူး
သူများသေလို့ ကိုယ်ဒုက္ခရောက်တာမျိုးလည်း
ကိုယ်မလိုဘူး
စိတ်ချမ်းသာမယ်ထင်လို့ ပန်းတွေဝယ်ဖြစ်
မရည်ရွယ်ပါပဲ
အစောကြီးနိုးနေတာ မသတီစရာ
ကိုယ့်ကို ကောင်းကွက်တွေ ကူရှာပေးပါ
ရှေးဟောင်းပုံပြင်တွေဟာ
ရင်ထဲက ရိုးရာပါ
ကိုယ့်ကို ဘယ်သူပုံပြောမလဲ
သက္ကရာဇ် ၂၀၁၃
ကိုယ့်အသက် ၂၅ ပြည့်ခါနီး
မွေးနေ့ဆိုတာ ကျင်းပတတ်လာ
လက်ဆောင်ပေးတဲ့ကိတ်ကိုခွဲ
နီးစပ်ရာ လူကို ခွံ့ ကျွေးခဲ့ဖူး
အဲဒီစလောင်းတွေက ကိုယ့်ကို မဖမ်းမိဘူးလား
ကိုယ်ဟာ ဖမ်းဆီးခြင်းခံလိုသူပဲ
ကိုယ့်ကို မိအောင်ဖမ်းပါ ကိုယ်ရပ်နေပါတယ်
စွပ်ကျယ်ကလေး ချွေးချွဲသွား
ကိုယ်နေကောင်းလာပြီလို့ ချစ်သူကပြောတယ်
ဒီမနက်ထိ အဖျားဟာ ကိုယ့်ဆီက မခွာ
အမြင်တွေဝါးနေတယ်
အတွေးတွေပါ ၀ါးလာတယ်
ကိုယ်မမြင်ရတဲ့ ဖြစ်စဉ်ထဲမှာ
သဲကြီးမဲကြီး ကူးခတ်ရ
ဖြစ်တည်မှုကိုက သနားစရာ
လက်ထဲမှာ ဘာပါလာသလဲ
ကိုယ်က သယ်ဆောင်ဖို့ လာခဲ့သူပါ
မိုးရွာရင် ထီးတစ်ချောင်းရှိနေမှ ကိုယ်ကျေနပ်
ကိုယ်ဟာ ဘ၀ မနာနိုင်သေးတော့
ဘာဝနာဖက် မလှည့်ဖြစ်သေး
ထမင်းသိုးဟင်းသိုးအဖြစ် ကစားရတယ်ဆိုမှ
လူစားထိုးခံရသေး
ပါကင်တစ်ခုလောက်ပေးပါ
ကိုယ် ထိုးရပ် ချင်လှပြီ
လိုနေတာ ဘာမှန်းမသိတော့
ဘယ်သူကမှ ဘာမှ မလုပ်ပေးနိုင်
အလိုမကျတဲ့အခါ
ကိုယ်က ငေါက်ငမ်းတတ်သေး
အိပ်ယာခင်းတွေ လဲ ဖြစ်တယ်
တော်တော်တန်တန် ကိုယ်ပျော်လာခဲ့တယ်
မိုးတွေရွာလိုက်တာကွယ်
ရေချည်းလှိမ့်သောက်နေမိ
ကိုယ်ရေ ငတ် တာမှ ဟုတ်ရဲ့ လား
ကိုယ်ဟာ မသေချာမှု ရဲ့  ပြယုဂ်
မရေရာမှု ရဲ့  ဗဟိုချက်
ပင်ပန်းလှတယ်မဟုတ်
ကိုယ့်နားတွေ ကိုယ်တွေ ရုတ်တရတ် အပူချိန်တက်လာ
ကိုယ့်ကိုယ်ကို ပြန်ပေးပါကွယ်
သေခြင်းတရားဆီ ကိုယ်မသွားနိုင်လို့ပါ
ကိုယ့်မှာ မိဘရှိတယ်
ချစ်သူရှိတယ်
မိသားစုဝင်တွေ ရှိတယ်
ကိုယ့်မှာ ဘ၀ တစ်ခု ရှိပါတယ်ကွယ်
ကိုယ့်ကို ခေါ်ဆောင်မည့် အစား
ကိုယ့်ရဲ့  ပျင်းရိခြင်းတွေကို သတ်လိုက်ပါ
ကိုယ့်ကတိဟာ
မပျင်းမရိ….။
ကိုယ့်လက်မောင်းကို အားဖြည့်ပေးပါ
သွေးကြောလေးတွေ စိမ်းပါစေ
ကိုယ်ခေါင်းကိုက် မခံနိုင်တော့ပါ။
မျက်ခွံတွေဆွဲတင်ပေးပါ
လေးလံလှချည်ရဲ့ 
အတင်းထိုးအိပ်ပြီး
ကိုယ် မကြည်နူးနိုင်ပါ
စနေ၊ တနင်္ဂနွေဟာ
ကိုယ့်အားလပ်ရက် ဖြစ်ပါတယ်
ကိုယ့်ဆီ မလာပါနဲ့
ယဉ်ယဉ်ကျေးကျေး ကိုယ်ပြောပါတယ်
ယောင်္ကျားတွေ မကောင်းကြောင်းပြော
ပစ်ပစ်နှစ်နှစ်ဆဲ ဆိုပြီး
ယောင်္ကျားတကာ ရင်ခွင်ထဲ အိပ်ရတဲ့
ပြည့်တန်ဆာမ လို
ဘ၀ကြီး၊ ခေတ်ကြီးကို စိတ်နာပါတယ်။
လွမ်းတေးချို
ကိုယ်တွေလည်း လှုပ်ရခက်
ဆာလောင်မှု ရှိနေတယ်
ရေတွေချည်း လှိမ့်သောက်
ကိုယ့်ကို ကယ်ပါ
ကိုယ့်ကို ဆယ်ပါ
လေတိုက်တာတောင် ကိုယ်ကြောက်နေမိ
လူမှုဖူလုံရေးဟာ ကြက်ပျောက်ငှက်ပျောက်
ပိုလီယို မဖြစ်ခဲ့တာပဲ ကျေးဇူးတင်ရ
နှိုင်းယှဉ်တတ်တဲ့ ဥာဉ်ကလေးက
စိတ်ဆင်းရဲ မှု ဆီ
ဒေါသထွက်မှု ဆီ
ဘယ်သူ့ အပြစ်တင်ရမလဲ
ဂိမ်းစက်တွေ ရိုက်ခွဲ ပစ်ချင်
ရေလည်း ချိုးမရ
တစ်ကိုယ်လုံး ပူကျစ်လာတယ်
အာရုဏ်နဲ့  အဖျားဟာ တပြိုင်နက်ထဲ ရောက်လာ
အဖျားဒီဂရီ တစ်ရာ့တစ်
ဆေးထိုးအပ်ကို မြည်းစမ်းခွင့်ရ
အဲဒီ ၀က်လိုလို ၊ ၀က်ဝံလိုလို အိပ်ရာခင်းပေါ်က အကောင်တွေ
ပြောင်လှောင် နေသလား
ဒုက္ခပေးပြီး မသေလိုဘူး
သူများသေလို့ ကိုယ်ဒုက္ခရောက်တာမျိုးလည်း
ကိုယ်မလိုဘူး
စိတ်ချမ်းသာမယ်ထင်လို့ ပန်းတွေဝယ်ဖြစ်
မရည်ရွယ်ပါပဲ
အစောကြီးနိုးနေတာ မသတီစရာ
ကိုယ့်ကို ကောင်းကွက်တွေ ကူရှာပေးပါ
ရှေးဟောင်းပုံပြင်တွေဟာ
ရင်ထဲက ရိုးရာပါ
ကိုယ့်ကို ဘယ်သူပုံပြောမလဲ
သက္ကရာဇ် ၂၀၁၃
ကိုယ့်အသက် ၂၅ ပြည့်ခါနီး
မွေးနေ့ဆိုတာ ကျင်းပတတ်လာ
လက်ဆောင်ပေးတဲ့ကိတ်ကိုခွဲ
နီးစပ်ရာ လူကို ခွံ့ ကျွေးခဲ့ဖူး
အဲဒီစလောင်းတွေက ကိုယ့်ကို မဖမ်းမိဘူးလား
ကိုယ်ဟာ ဖမ်းဆီးခြင်းခံလိုသူပဲ
ကိုယ့်ကို မိအောင်ဖမ်းပါ ကိုယ်ရပ်နေပါတယ်
စွပ်ကျယ်ကလေး ချွေးချွဲသွား
ကိုယ်နေကောင်းလာပြီလို့ ချစ်သူကပြောတယ်
ဒီမနက်ထိ အဖျားဟာ ကိုယ့်ဆီက မခွာ
အမြင်တွေဝါးနေတယ်
အတွေးတွေပါ ၀ါးလာတယ်
ကိုယ်မမြင်ရတဲ့ ဖြစ်စဉ်ထဲမှာ
သဲကြီးမဲကြီး ကူးခတ်ရ
ဖြစ်တည်မှုကိုက သနားစရာ
လက်ထဲမှာ ဘာပါလာသလဲ
ကိုယ်က သယ်ဆောင်ဖို့ လာခဲ့သူပါ
မိုးရွာရင် ထီးတစ်ချောင်းရှိနေမှ ကိုယ်ကျေနပ်
ကိုယ်ဟာ ဘ၀ မနာနိုင်သေးတော့
ဘာဝနာဖက် မလှည့်ဖြစ်သေး
ထမင်းသိုးဟင်းသိုးအဖြစ် ကစားရတယ်ဆိုမှ
လူစားထိုးခံရသေး
ပါကင်တစ်ခုလောက်ပေးပါ
ကိုယ် ထိုးရပ် ချင်လှပြီ
လိုနေတာ ဘာမှန်းမသိတော့
ဘယ်သူကမှ ဘာမှ မလုပ်ပေးနိုင်
အလိုမကျတဲ့အခါ
ကိုယ်က ငေါက်ငမ်းတတ်သေး
အိပ်ယာခင်းတွေ လဲ ဖြစ်တယ်
တော်တော်တန်တန် ကိုယ်ပျော်လာခဲ့တယ်
မိုးတွေရွာလိုက်တာကွယ်
ရေချည်းလှိမ့်သောက်နေမိ
ကိုယ်ရေ ငတ် တာမှ ဟုတ်ရဲ့ လား
ကိုယ်ဟာ မသေချာမှု ရဲ့  ပြယုဂ်
မရေရာမှု ရဲ့  ဗဟိုချက်
ပင်ပန်းလှတယ်မဟုတ်
ကိုယ့်နားတွေ ကိုယ်တွေ ရုတ်တရတ် အပူချိန်တက်လာ
ကိုယ့်ကိုယ်ကို ပြန်ပေးပါကွယ်
သေခြင်းတရားဆီ ကိုယ်မသွားနိုင်လို့ပါ
ကိုယ့်မှာ မိဘရှိတယ်
ချစ်သူရှိတယ်
မိသားစုဝင်တွေ ရှိတယ်
ကိုယ့်မှာ ဘ၀ တစ်ခု ရှိပါတယ်ကွယ်
ကိုယ့်ကို ခေါ်ဆောင်မည့် အစား
ကိုယ့်ရဲ့  ပျင်းရိခြင်းတွေကို သတ်လိုက်ပါ
ကိုယ့်ကတိဟာ
မပျင်းမရိ….။
ကိုယ့်လက်မောင်းကို အားဖြည့်ပေးပါ
သွေးကြောလေးတွေ စိမ်းပါစေ
ကိုယ်ခေါင်းကိုက် မခံနိုင်တော့ပါ။
မျက်ခွံတွေဆွဲတင်ပေးပါ
လေးလံလှချည်ရဲ့ 
အတင်းထိုးအိပ်ပြီး
ကိုယ် မကြည်နူးနိုင်ပါ
စနေ၊ တနင်္ဂနွေဟာ
ကိုယ့်အားလပ်ရက် ဖြစ်ပါတယ်
ကိုယ့်ဆီ မလာပါနဲ့
ယဉ်ယဉ်ကျေးကျေး ကိုယ်ပြောပါတယ်
ယောင်္ကျားတွေ မကောင်းကြောင်းပြော
ပစ်ပစ်နှစ်နှစ်ဆဲ ဆိုပြီး
ယောင်္ကျားတကာ ရင်ခွင်ထဲ အိပ်ရတဲ့
ပြည့်တန်ဆာမ လို
ဘ၀ကြီး၊ ခေတ်ကြီးကို စိတ်နာပါတယ်။
လွမ်းတေးချို
အောက်တိုဘာ ၂၀၁၃
Comments
Post a Comment