နီပေါ

မှတ်မှတ်ရရ အားလူးနဲ့ မုန်လာဥနီမပါတဲ့
အနပ်မရှိဘူး

အသံတွေစုံနေတာပဲ
ကိုယ်ကြားနေကျ ဘာသာစကားမဟုတ်ဘူး

နာမတ်စတိ တစ်လုံးက
မှော်တောင်ဝှေးရထားသလို စွယ်စုံသုံးနေရ

Thank you နဲ့  You are welcome ကလွဲရင်
သူတို့လည်းကိုယ့်ကို ငေးကြည့်ရုံပ

သူတို့နိုင်ငံသားနဲ့ ရုပ်တူတယ်လို့ ကိုယ်အပြောခံရ
အရှေ့ တိုင်းရုပ်တွေက ဘာကွာတာမှတ်လို့

ဘေးနားက ပညာတတ် အမျိုးသမီးက
သိုးဆောင်း ဘုတ်အုပ်ထူထူကြီးဖတ်လို့
ပါလာတဲ့အဖော်က သီချင်းတွေကို
သူ့နားထဲထိုးထည့်ထားတယ်

အရောင်စုံတယ် လူစုံတယ်
လှုပ်လှုပ်ရမ်းရမ်းကတာကို ငေးမောကြည့်ပစ်လိုက်
ကိုယ်ပျော်လားမပျော်လားလို့တော့ မပြောတတ်

သူတို့က လက်ခံတယ်ဆိုလည်း ခေါင်းခါနေတာပါပဲ
ကိုယ့်မှာ ဒီယဉ်ကျေးမှုကို ကြိုသိခဲ့ပေလို့ပေါ့

သူတို့ ဘုရားရဲ့  ကောင်းချီးပေးခြင်းကိုသူတို့ခံယူထားတယ်ဆိုပဲ
နဖူးမှာ အနီစက်တွေနဲ့
သူတို့ ဘုရားဆိုတော့ ကိုယ်နဲ့မဆိုင်သလိုပ

ဒီလူမျိုးတွေကြားမှာ အပျို အအိုခွဲခြားနည်းကို
ကိုယ်သင်ယူခဲ့ပြီးပြီ

ဘယ်လိုမှ အသားမကျနိုင်တဲ့
စားသောက်မှုပုံစံကလွဲရင်
ကိုယ်နေထိုင်ရာမွေးရပ်မြေနဲ့ နင်လားငါလား

ငါတို့ နိုင်ငံ ပိုချမ်းသာတယ်ဆိုတာကို
အမြဲနှလုံးသွင်းထားတယ်
အာခေါင်တွေခြောက်လာတယ်
ရေသေးသေးလေးတစ်ဘူးကို တစ်ရာ့ငါးဆယ်တဲ့
မြန်မာငွေနဲ့ အချိုးချ ကြည့်တဲ့အခါ
ကိုယ် ရေ အငတ်ခံလိုက်ရမလို ဖြစ်သွား

အနုကြမ်းစီးခံရတာမျိုးလည်း
ဒီနီုင် ငံမှာကြုံ ပ
နှစ်ရာတန်ခရီးကို ငါးရာတန်ထုတ်ပေးတဲ့အခါ
နှစ်ရာပဲပြန်အမ်းပြီး လူမိုက်လုပ်တာမျိုး
ကိုယ်သိပ်ခံပြင်းတာပဲ

မဂွဒ်ဘူး ………
လူနေမှုဘ၀ က မဂွဒ်ဘူး
လမ်းတွေက ကျဉ်းလိုက်တာ
လမ်းကြိတ်စက်ကို speed နဲ့ မောင်းတာ ဒီနီုင်ငံမှာပဲ

အချိန်ဟာငွေပဲဖြစ်တယ်
ပြောင်းလဲခြင်းမှာ ငွေသားဟာ ကြီးထွားလာရမယ်

ပြည်တွင်းအလုပ်လက်မဲ့ တွေ ပြည်ပထွက်ခွာ
ကိုယ့်အကြောင်း စာစီစာကုံးကို
တခြားသူတွေရေးတာဖတ်ရသလို  ဇာတ်သိပ်နာတယ်

ဒီနိုင်ငံမှာ ကိုယ်တို့ဘုရားလည်း ရှိပါ့…….လေ
လုမ္မနီ တဲ့ ကိုယ်တို့ ရှင်ကြီးဂေါတမ ဖွားမြင်တော် မူရာလေ…

ကိုယ်တို့လေယာဉ်ကြီးက စ၀ါဒီခ တဲ့…….
နမတ်စတိ နဲ့ စ၀ါဒီခကလွဲရင်ကိုယ်လည်း ဘာသာစကားဗလာ
ကိုယ့်စိတ်က ဒီမြို့ ထဲမှာနေခဲ့ရမှာလားလို့မေးတယ်

ရွေးချယ်ခွင့်သိပ်များတဲ့ ကမ္ဘာမှာ ကိုယ့်အိမ်က အနွေးထည်မလိုဘူး
မီးလင်းဖိုမလိုဘူး
အိမ်လွမ်းသူသီချင်းကို ကိုယ်မဆိုတော့ပါဘူး
ရင်ဘတ်နဲ့နှုတ်ခမ်းကိုမောင်းတင်ပြီး ကိုယ်ပြန်လာပြီ
ရွှေရောင်လွှမ်းတဲ့မြန်မာဆီ ကိုယ်ပြန်ခဲ့ပါပြီ………

လွမ်းတေးချို
ည၁၀နာရီ ၅၁ မိနစ်
၁၈.၈.၂၀၁၂
သုဝဏ္ဍဘူမိလေဆိပ်

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်