ဒီမိုကရေစီ ရကြပါလေပြီ
ဒီမိုကရေစီ ဟူသော စကားလုံးကို ကြားဖူးခဲ့တာကြာပြီဗျ။ ဘာမှန်းညာမှန်းမသိပဲ ချစ်ခဲ့ဖူးတဲ့အရာထဲမှာ ဒီမိုကရေစီပါတယ်ဗျ။ လမ်းပေါ်ထွက်ပြီး ဒီမိုကရေစီ ရရှိရေး ဒို့အရေးလို့ အော်နေတဲ့အချိန်မှာ ကျနော် လူ့လောကထဲရောက်ရှိခဲ့တယ်။ ဟုတ်တော့ဟုတ်နေပြီ။ ကျနော့်အဖေဟာ လမ်းပေါ်ထွက်ပြီးအော်လို့ကောင်းေ နတဲ့အချိန်ပေါ့။ အမေကတော့ ဗိုက်တကားကားနဲ့ ဒီမိုကရေစီ ရရှိရေးလို့ တိုးလျစွာရွတ်ခဲ့ဖူးတယ်လို့ဆိုတ ယ်။ ကဲ ဒီမိုကရေစီမြားဦးမှာ ကျနော့် အသံလွင့်ပျံစေဗျား………….အူဝဲအူဝဲ …..အူဝဲ။ ထိုသို့ဖြင့်ကျနော့်ဘ၀ ဒီမိုကရေစီ အစ ဖြင့်ကြုံခဲ့ပါပကော။ ဒါကတော့ ကျနော့်ရဲ့  ဖြုတ်ဦးနှောက်က ထွက်ပေါ်လာတဲ့ အပေါစားတွေးခေါ်မှုလေးတွေပေါ့ဗျာ။ ကဲဒီမိုကရေစီဆိုတာ ဘာလဲလို့ စာထဲပေထဲ ဖတ်ကြည့်လေတဲ့အခါ ဒီမို ဆိုတာ လူထုကို ဆိုလိုတာပါတဲ့ ခရေစီ ဆို တာ ရူးနေတာတဲ့ အဲလေ မဟုတ်ပါဘူး Karatia ဆိုတဲ့စကားလုံးက ဆင်းသက်လာတာပါတဲ့ အုပ်ချုပ်ရေးလို့ အနက်ဖွင့်ပါတယ်တဲ့။ ဂရိစကားဆိုပဲ။ လူထုကိုယ်တိုင်အုပ်ချုပ်ရေး ဆိုပဲဗျ။ ဒါနဲ့ ကျွန်တော် စစဉ်းစားရပြီ။
လူထုက အုပ်ချုပ်တယ်ဆိုတော့ ကျနော်လည်းလူထုထဲမှာ ပါဝင်တယ်လေ။ အဲဒီတော့ အုပ်ချုပ်ရေးမှာ ကျနော်လည်း ပါတာပေါ့။ ပျော်တော့ပျော်စရာကောင်းနေပြီ ။ ကိုယ်ကိုယ်တိုင် ပါဝင်ရမယ့် အုပ်ချုပ်ရေး ဆီကို မြန်မာ နိုင်ငံကြီး ချီတက်နေပါသတဲ့ ။ သတင်းစာ၊ ဂျာနယ် ၊ အွန်လိုင်းမီဒီယာ ၊ တီဗီ ရုပ်သံလိုင်းတွေမှာလည်း ရေပန်းစား နေတဲ့ စကားလုံး ဒီမို ကရေစီ……..။ ဒီမိုကရေစီ ရရှိရေး ….ဒို့အရေးလို့  အော်ဟစ်တောင်းဆိုကြတာလည်း မြင်ခဲ့ဖူးပြီ ( တီဗွီ ထဲတွင်) ။ အဲဒီတော့ ကျနော် စဉ်းစားတာ ဒီမိုကရေစီ ဆိုတာ တောင်းယူရတဲ့ အရာလား ဆိုတဲ့ မေးခွန်းပေါ့၊ ဟုတ်ပြီ တောင်း ယူရတာ ဆို ရင်ကော ဘယ်သူ့ ဆီက နေတောင်းရမှာလဲပေါ့၊အဲဒီအကြောင်းစဉ်းစားရင် ဟာသပုံပြင်လေးတစ်ပုဒ်ကို မြင်ယောင်မိသွားတယ်။
တစ်နိုင်ငံလုံး ဆန္ဒပြပွဲ ကြီး တွေ အကြီးအကျယ် ပြုလုပ်ပြီး ဒီမိုကရေစီရရှိရေးကို တောင်းဆို နေကြတဲ့ကာလဖြစ်တဲ့ ၁၉၈၈ မှာပေါ့။ တစ်မြို့  ပြီးတစ်မြို့ ၊ တစ်နယ်ပြီးတစ်နယ် တောင်းဆိုမှုတွေအရှိန်မြင့်လာတဲ့ အချိန်မှာ ပေါ့။ ဆန္ဒပြခြင်းလှိုင်းလုံးကြီး ဟာ ရှမ်းပြည်နယ် တောင်ပိုင်းကိုလည်း ၀င်ရောက် ရိုက်ခတ်လာပါတဲ့။ တိတိကျကျပြောရရင် အင်းလေး ဒေသ ရွာလေးတစ်ရွာကအင်းသားလူမျိုးတွေ ဆီကိုပေါ့။ သူတို့လည်း တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဒီမိုကရေစီ ဆိုတာကို တောင်း ဆို ရမယ်ဆိုတာကို သဘောပေါက်လာတယ်။ တနိုင်ငံလုံးနီးပါးကလည်း လမ်းပေါ် ထွက်နေပြီ ။ အင်းလေးဆိုတဲ့လည်းသိတဲ့အတိုင်းပဲ ထွက်စရာ လမ်းက ရှားမှရှား ၊ ကုန်းပေါ် နေတဲ့ အပိုင်းက တော့ လမ်း ရှိတာပေါ့။ အခုတော့ ရေပေါ်ပဲ ထွက်လို့ ရမယ်လေ။ အဲဒါလည်း အေးဆေးပေါ့ ဘာခက်တာမှတ်လို့ လှေ နဲ့ ထွက်ပြီး ဆန္ဒပြရုံပေါ့ ။ ဟုတ်ပြီ လှေနဲ့ထွက်မယ် ဘယ်ကို ထွက်ပြီး ဘယ်မှာတောင်းမလဲ စဉ်းစားရပြီ။ အဲဒါနဲ့ သူတို့ target ( ပစ်မှတ်) ရွေးလိုက်တယ်။ သူကြီး……………ဟုတ်ပြီ သူကြီး ရှိနေတာပဲ သူ့ဆီတောင်းရမှာပဲလေ။ သူက အကြီးအကဲပဲ ။ သူပေးရင်ရမှာပေါ့။ အဲဒါနဲ့ ရွာသားတွေလူစုတယ်။ ပြီး တာနဲ့ အုပ်စုလိုက်လှေ တွေ စီးပြီး သူကြီးအိမ်ကို ချီတက် ကြသတဲ့။ လမ်းမှာလည်း ဒီမိုကရေစီ ရရှိရေးဆိုပြီး ကြွေးကြော်ပြီး တွေ့ ကရာလူတွေလည်း လှေပေါ်ဆွဲခေါ်လာသတဲ့။ ကဲ ဒါနဲ့ သူကြီးအိမ်ရှေ့ ကိုရောက်လာ ပါလေရော။ သူကြီးအိမ်ရှေ့ မှာ ဒီမိုကရေစီ ရရှိရေးဆိုပြီး တောင်းဆိုတာပေါ့။ သူကြီးကလည်းခေါင်းကိုက်နေပြီ၊ အိမ်ရှေ့ ထွက်ရမလို အိမ်ထဲမှာပဲနေရတော့ မလို ပေါ့၊ ရေပေါ်မှာနေတာဆိုတော့ ထွက်ပြေးရလည်း မလွယ်ဘူးလေ။ အဲဒါနဲ့ အိမ်ရှေ့  ထွက်လိုက်တယ်။ ဒီမိုကရေစီ အသံတွေ ကတော့ ကောင်းကင်ယံထက် ညံလို့ပေါ့။ သူကြီး က သူ့အိမ်ရှေ့  ၀ရံတာကနေ လက်ပြပြီး အားလုံးကို ငြိမ်ခိုင်းလိုက်တယ်။ ပြော ဘာကိစ္စလဲလို့ ဆိုလိုက်တယ်။ အဖွဲ့ ထဲ က နေ အာသွက်လျှာသွက် ရှိတဲ့သူတစ်ယောက်က
“ သူကြီး ဒီမိုကရေစီ ပေး၊ အဲဒါလာတောင်းတာ”လို့ ဆိုပါလေရော၊
သူကြီး က ခဏစောင့်လို့ ပြောပြီး အိမ်ထဲဝင်သွားတယ်။ တံခါးပိတ်လိုက်တယ်။ အကြိတ်အနယ်စဉ်းစားတယ်။ အမှန်အတိုင်းပြော ရင် ဒီမိုကရေစီဆိုတာ သူလည်း ဘာမှန်း ဂဃနဏ မသိဘူး ၊ အချိန်ကလည်း သိပ်ဆွဲလို့ မရဘူးလေ။ အပြင်မှာ လှေတွေအများကြီးနဲ့ စောင့်နေတာ။ အဲဒါနဲ့ သူကြီး က အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက် တစ်ခုကို ချပြီး အပြင် ကို ရဲ ရဲ ထွက်လိုက်တယ်။ ခန¨ာကိုယ်ကို မြဲမြဲ ရပ်၊ လက်နှစ်ဖက် ရှေ့ ကို ဆန့်ထုတ်ပြီးမြှောက်လိုက်ကာ အားရပါးရ တစ်ခွန်းထဲပြောလိုက်တယ်။
ဟေးးးးးး ရော့ ဒီမိုကရေစီ ၊ မင်းတို့ကို ပေးလိုက်ပြီ တဲ့
အဲဒါနဲ့ ရွာသားတွေလည်း ပျော်သွားတယ်၊ ဟေး ဒီမို ကရေစီ ရပြီ ကွ လို့ ကြွေးကြော်ပြီး လှေအသီသီးနဲ့ ကိုယ့်အိမ်ကို ပြန်သွားကြပါသတဲ့…………..။
ကဲ အခု ကျွန်တော်တို့ ဒီမိုကရေစီ ရပြီလို့ ဆိုနေကြပါပြီ ပကော။
၃ နာရီ ၁၅ မိနစ်
၈. ၃. ၂၀၁၃
လွမ်းတေးချို
နိုင်ငံရေး အသိအမြင် စာစု
တစ်နိုင်ငံလုံး ဆန္ဒပြပွဲ ကြီး တွေ အကြီးအကျယ် ပြုလုပ်ပြီး ဒီမိုကရေစီရရှိရေးကို တောင်းဆို နေကြတဲ့ကာလဖြစ်တဲ့ ၁၉၈၈ မှာပေါ့။ တစ်မြို့  ပြီးတစ်မြို့ ၊ တစ်နယ်ပြီးတစ်နယ် တောင်းဆိုမှုတွေအရှိန်မြင့်လာတဲ့
“ သူကြီး ဒီမိုကရေစီ ပေး၊ အဲဒါလာတောင်းတာ”လို့ ဆိုပါလေရော၊
သူကြီး က ခဏစောင့်လို့ ပြောပြီး အိမ်ထဲဝင်သွားတယ်။ တံခါးပိတ်လိုက်တယ်။ အကြိတ်အနယ်စဉ်းစားတယ်။ အမှန်အတိုင်းပြော ရင် ဒီမိုကရေစီဆိုတာ သူလည်း ဘာမှန်း ဂဃနဏ မသိဘူး ၊ အချိန်ကလည်း သိပ်ဆွဲလို့ မရဘူးလေ။ အပြင်မှာ လှေတွေအများကြီးနဲ့ စောင့်နေတာ။ အဲဒါနဲ့ သူကြီး က အချိန်တိုအတွင်းမှာ ဆုံးဖြတ်ချက် တစ်ခုကို ချပြီး အပြင် ကို ရဲ ရဲ ထွက်လိုက်တယ်။ ခန¨ာကိုယ်ကို မြဲမြဲ ရပ်၊ လက်နှစ်ဖက် ရှေ့ ကို ဆန့်ထုတ်ပြီးမြှောက်လိုက်ကာ အားရပါးရ တစ်ခွန်းထဲပြောလိုက်တယ်။
ဟေးးးးးး ရော့ ဒီမိုကရေစီ ၊ မင်းတို့ကို ပေးလိုက်ပြီ တဲ့
အဲဒါနဲ့ ရွာသားတွေလည်း ပျော်သွားတယ်၊ ဟေး ဒီမို ကရေစီ ရပြီ ကွ လို့ ကြွေးကြော်ပြီး လှေအသီသီးနဲ့ ကိုယ့်အိမ်ကို ပြန်သွားကြပါသတဲ့…………..။
ကဲ အခု ကျွန်တော်တို့ ဒီမိုကရေစီ ရပြီလို့ ဆိုနေကြပါပြီ ပကော။
၃ နာရီ ၁၅ မိနစ်
၈. ၃. ၂၀၁၃
လွမ်းတေးချို
နိုင်ငံရေး အသိအမြင် စာစု
Comments
Post a Comment