ပုဝါစည်းထားတဲ့ညကို မျက်စိပိတ်ပြီး ကြည့်နေမိတုန်းက
အရေးအသားတွေနဲ့စကားများနေရတယ်...
ဒါဟာ ကောင်းတဲ့လက္ခဏာ ဟုတ်မဟုတ်တော့
ကိုယ်လည်း သိပ်သေချာနေတာမဟုတ်
ဟိုဟိုဒီဒီတွေးရင်း
ဟိုဟာ တွေဆီပဲ စိတ်ရောက်နေတော့
ဟိုဟိုဒီဒီဆိုတာကို ဖျက်ပစ်ရမယ်
အကြွေငါးဆယ်ရှိတယ်
မေတ္တာတရား ဟာ တစ်ရာ တန်သလား လာမမေးနဲ့
တန်တယ်ဆိုရင်
ကိုယ်ဝယ်နိုင်မယ်မထင်ဘူး၊
တင်လိုက်တော့မယ်ဟုတ်လား
ဒါအလုပ်ကွ
ခုရိုက် ခုယူ ဓာတ်ပုံဆိုင်မဟုတ်ဘူး
ခုရိုက်ခုတင် ကွန်နက်ရှင်မဟုတ်ဘူး
စာအုပ်တွေများတိုင်း အထင်ကြီးစရာလား
အထင်ကြီး စရာ တိုင်းကိုကော စာအုပ်ထဲမှာတွေ့ရသလား၊
ကွေကွင်းခြင်းတွေနဲ့ ကွေကွင်းနေရတာ
ခြေထောက်မကျဉ်ဘူး
မျက်လုံးမကိုက်ဘူး
အသံထွက် ရယ်ချင်တယ်။
အိပ်ယာ မခင်းဖြစ်ဘူး၊ သိစိတ်ဟာ
လူမရှိတဲ့ အခန်းတွေဆီ ရောက်ရောက်နေတာ။
မသိစိတ်ဟာ ဆိတ်ကွယ်ရာဆီမှာ အလျင်စလို ဖြစ်ချင်သလိုဖြစ်
ကိုယ်မသိတဲ့လမ်းပေါ်မှာ
လမ်းမသိတဲ့ ကိုယ် ရောက်နေတာ
အကောင်းဆုံးဆိုတာ အကောင်းတွေဆုံးသွားတာမျိုးပေါ့
ကိုယ်ထင်ရင် ကုတင်က ထင်းချောင်းဖြစ်ဖို့သေချာ
ကဗျာ ထဲမှာ သေချာခြင်းကို ထည့်ထည့်ရေးနေရတာဆိုတော့
ဒါဟာ သေချာလို့ပဲဖြစ်တယ် မှတ်ပါ။
လွမ်းတေးချို
4 Aug 2013
ဒါဟာ ကောင်းတဲ့လက္ခဏာ ဟုတ်မဟုတ်တော့
ကိုယ်လည်း သိပ်သေချာနေတာမဟုတ်
ဟိုဟိုဒီဒီတွေးရင်း
ဟိုဟာ တွေဆီပဲ စိတ်ရောက်နေတော့
ဟိုဟိုဒီဒီဆိုတာကို ဖျက်ပစ်ရမယ်
အကြွေငါးဆယ်ရှိတယ်
မေတ္တာတရား ဟာ တစ်ရာ တန်သလား လာမမေးနဲ့
တန်တယ်ဆိုရင်
ကိုယ်ဝယ်နိုင်မယ်မထင်ဘူး၊
တင်လိုက်တော့မယ်ဟုတ်လား
ဒါအလုပ်ကွ
ခုရိုက် ခုယူ ဓာတ်ပုံဆိုင်မဟုတ်ဘူး
ခုရိုက်ခုတင် ကွန်နက်ရှင်မဟုတ်ဘူး
စာအုပ်တွေများတိုင်း အထင်ကြီးစရာလား
အထင်ကြီး စရာ တိုင်းကိုကော စာအုပ်ထဲမှာတွေ့ရသလား၊
ကွေကွင်းခြင်းတွေနဲ့ ကွေကွင်းနေရတာ
ခြေထောက်မကျဉ်ဘူး
မျက်လုံးမကိုက်ဘူး
အသံထွက် ရယ်ချင်တယ်။
အိပ်ယာ မခင်းဖြစ်ဘူး၊ သိစိတ်ဟာ
လူမရှိတဲ့ အခန်းတွေဆီ ရောက်ရောက်နေတာ။
မသိစိတ်ဟာ ဆိတ်ကွယ်ရာဆီမှာ အလျင်စလို ဖြစ်ချင်သလိုဖြစ်
ကိုယ်မသိတဲ့လမ်းပေါ်မှာ
လမ်းမသိတဲ့ ကိုယ် ရောက်နေတာ
အကောင်းဆုံးဆိုတာ အကောင်းတွေဆုံးသွားတာမျိုးပေါ့
ကိုယ်ထင်ရင် ကုတင်က ထင်းချောင်းဖြစ်ဖို့သေချာ
ကဗျာ ထဲမှာ သေချာခြင်းကို ထည့်ထည့်ရေးနေရတာဆိုတော့
ဒါဟာ သေချာလို့ပဲဖြစ်တယ် မှတ်ပါ။
လွမ်းတေးချို
4 Aug 2013
Comments
Post a Comment