ကြေငြာချက်

အော်အချစ်အချစ်ဟု လူပြောများသော လောကတွင် အချစ်သည် သင်ကြားပို့ချပေးဖို့ မလိုအပ်ကြောင်း အချစ်သည် ချစ်ဖူးမှသာသိနိုင်ကြောင်း၊ အချစ်သည် ပင်ကိုယ်အသိစိတ်ထဲတွင်တည်ရှိနေပြီးဖြစ်ကြောင်း

ပြောဆို နေကြသော ပုဂ္ဂိုလ်ကျော်များကို ဒီနေရာ၌ အပြည့်အ၀ စိန်ခေါ်ကြောင်း ပြောကြားလိုက်သည်။

ကျောင်းသားတစ်ဦးချင်းစီ၏ အနေအထားပေါ်မူတည်၍ လိုအပ်သလိုဖြည့်ဆည်းသင်ကြားပေးသည့် အချစ်သင်တန်းကျောင်းဖြစ်သောကြောင့် သင်တန်းပြီးဆုံး၍ အချစ်အကြောင်းမသိနားမလည်ဘူးဟုစိတ်ထဲထင်မှတ်ပါက သင်တန်းငွေကြေးကိုပြန်လည် ထုတ်ယူနိုင်ပါသည်။ချစ်ခွင့်ပန်ကြားလိုသူများအတွက် အလွန်ပြီးပြည့်စုံသည့် course ဖြစ်သည်။ အနီးကပ်guideline ပေးမှု၊မှန်ကန်တိကျသော ချဉ်းကပ်မှုဖြင့်သင်ကြားမှု၊ ကျယ်ပြန့်သော အသိပညာများမျှဝေပေးမှုတို့ဖြင့် ခက်ခဲရှုပ်ထွေးသော အချစ်ဘာသာရပ်များကို သက်တောင့်သက်တာ လွယ်ကူပျော်ရွှင်စွာ သင်ယူနိုင်ပြီဖြစ်သည်။



လွမ်းတေးချို

စာကြွင်း- လက်ကမ်းစာစောင်များဖြင့် တည်ဆောက်ထားဖြင်းဖြစ်လေသည်။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်