လက်စ မသတ်ဖြစ်သေးတဲ့ကဗျာ
- Get link
- X
- Other Apps
ခေါင်းထဲရောက်လာသမျှ ချရေးမိဖို့ကြိုးစား
အမေများနေ့ကို ဟော့ဒီကောင်မေ့တယ်
ထားခဲ့တဲ့ရည်းစားတွေရဲ့ မွေးနေ့တွေကို မမေ့ဘူး
အမေ့မွေးနေ့ကို မသိဘူး
အမေ့မွေးနေ့ကို မသိဘူး
ဒီလိုကောင်ဟာ မိဘကျေးဇူးမြင့်မိုရ်ဦးဆိုပြီး
စာစီစာကုံးပြိုင်ပွဲတွေမှ ဆုရဖူးလေရဲ့ 
ကဲ အပြောနဲ့အလုပ်
တိုက်ပွဲစ ပြီ......။
အမေ့အသက် ငါးဆယ်လား ငါးဆယ့်တစ်လား
အမေ့ ဆံပင်ဖြူတွေဘယ်လောက်များနေပြီလဲ
တယ်လီဖုန်းသံ တွေ နေရာအနှံ့ ကြားရတယ်
အမေ့ကို ဖုန်းမခေါ်မိဘူး
အမေ အမေ့သားဟာ
ကောင်းကင်ကို ပုံဖော် ချစ်တယ်လို့
ရင်ထဲကသာ အော်တတ်ခဲ့တာပါ
အမူအရာ တွေ မပြဘူး
အမေ့ကို ဂရုစိုက်ဖို့အရေးကိစ္စ
ပင်ပေါင်လုံးတွေလို ပုတ်ထုတ်ပစ်လိုရ......
လူပီသခြင်းကို ၀ယ်ယူလို့ မရတာသေချာတယ်...
အသဲက ကွဲလုလုပဲ အမေ
ထုံးစံအတိုင်း အမေ့ကို သတိရတယ်..
လွမ်းတေးချို
စာစီစာကုံးပြိုင်ပွဲတွေမှ ဆုရဖူးလေရဲ့ 
ကဲ အပြောနဲ့အလုပ်
တိုက်ပွဲစ ပြီ......။
အမေ့အသက် ငါးဆယ်လား ငါးဆယ့်တစ်လား
အမေ့ ဆံပင်ဖြူတွေဘယ်လောက်များနေပြီလဲ
တယ်လီဖုန်းသံ တွေ နေရာအနှံ့ ကြားရတယ်
အမေ့ကို ဖုန်းမခေါ်မိဘူး
အမေ အမေ့သားဟာ
ကောင်းကင်ကို ပုံဖော် ချစ်တယ်လို့
ရင်ထဲကသာ အော်တတ်ခဲ့တာပါ
အမူအရာ တွေ မပြဘူး
အမေ့ကို ဂရုစိုက်ဖို့အရေးကိစ္စ
ပင်ပေါင်လုံးတွေလို ပုတ်ထုတ်ပစ်လိုရ......
လူပီသခြင်းကို ၀ယ်ယူလို့ မရတာသေချာတယ်...
အသဲက ကွဲလုလုပဲ အမေ
ထုံးစံအတိုင်း အမေ့ကို သတိရတယ်..
လွမ်းတေးချို
- Get link
- X
- Other Apps
Comments
Post a Comment