ဂုရုတစ်ဦးနှင့်တွေ့ဆုံခြင်း
တစ်နေ့သ၌ ကျွန်ုပ်သည် ဟိုဟိုဒီဒီ တောင်ငေးမြောက်ငေးရင်း လူအများစုစုရုံးရုံးဖြစ်နေသော နေရာ တစ်ခုသို့ ရည်ရွယ်ချက်မရှိပါဘဲ စပ်စပ်စုစုရှိတတ်သည့်လူသား ဖြစ်သည့်အလျောက် ထိုနေရာသို့ဝင်ရောက် မစူးစမ်းမိပါက အပြစ်ကြီးတစ်ခုကျူးလွန်မိသလို ခံစားရသောကြောင့် မတတ်သာသည့်အဆုံး၌ ကြည့်ရှုရန် ဆုံးဖြတ်မိပြီး ခပ်၀၀မိန်းမတစ်ယောက် နှင့် ခပ်ပိန်ပိန်ကလေးတစ်ယောက်ကြားမှ ၀င်ရောက် ကြည့်ရှုလေ တော့သည်။ ထိုလူအုပ်အလယ်ခေါင်၌ အာဘောင်အာရင်းသန်သန်ဖြင့် စကားပြောနေသော မျက်မျက်တပ် ဘုတ်ခ် အုပ်ဆန်သော ပုဂ္ဂိုလ်တစ်ဦးကို တွေ့ရှိရလေသည်။ ထိုသူပြောနေသောစကားများမှာ အထူးတလည် ထူးခြားမှုရှိနေသောကြောင့် ဆက်လက်နားထောင်ရန် ဆုံးဖြတ်မိလေသည်။
“ကျွန်တော်တို့ အလွမ်းသင့်အချစ်ဘေး ဒုက္ခသည်တွေကို rehabilitation ပြန်လုပ်ပေးတဲ့နေရာမှာ Social worker တစ်ယောက်ရဲ့ အခန်းကဏ္ဍဟာ အလွန်မှအရေးပါလှပါတယ်။ “
ဟိုက်ရှားပါး ဆိုပြီး အကျွန်ုပ်တစ်ယောက်အလွန်တစ်ရာမှ အံ့သြဘနန်းဖြစ်ရပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း social work diploma တန်း တက်နေတဲ့သူ တစ်ယောက်ဖြစ်တာကြောင့် အခုပြောနေတဲ့ပုဂ္ဂိုလ်မှာ အဘယ် သူနည်း။ အဘယ်ကနည်း။ ဘာအလုပ်လုပ်သနည်း။ သူလုပ်နေတာဘယ်လောက်ကြာပြီလဲ။ ။စသည်ဖြင့် တစ်ကိုယ်တည်း မေးခွန်းများထုတ်မိလေတော့သည်။ ကိုယ်ကိုယ်တိုင်ကလဲ အချစ်ရေးကံခေ အလွမ်းသမား တစ်ယောက်ဆိုတော့ ထိုဆရာကြီး၏ဟောပြောချက်ပြီးအောင်နားထောင်ပြီးကောင်းရာကောင်းနိုးပညာရပ်များ ကို သင်ယူရန်စိတ်အားထက်သန်သည့်အပြင် အခြားသူများအားပြန်လည်မျှဝေရန် ၀ါသနာထုံသည့်အားလျော် စွာ ထို ဆရာကြီးအား အင်တာဗျူးရန် ကြိုးပမ်းအားထုတ်မိလေတော့သည်။
ဗျူးသူ- ဆရာကြီးရဲ့  နာမည်နဲ့ အလုပ်အကိုင်ကိုသိပါရစေ။
ဗျူးခံ- ဆိုရှယ်ချက်ကြီး( ဒီလောက်နာမည်ကြီးတဲ့ပုဂ္ဂိုလ်ကို မသိရကောင်းလားဟူသောအကြည့်ဖြစ်ကြ ည့်ကာ) အလုပ်အကိုင်က အလွမ်းသင့်အချစ်ဘေးဒုက္ခသည်မျာြး ပန်လည်ထူထောင်ရေး စီမံကိန်းမှာ Project manager
ဗျူးသူ- ဆိုရှယ်ချက်ကြီးဆိုတဲ့နာမည်လေးေ ပ်ါပေါက်လာပုံကိုတဆိတ်လောက်ပြော ပပေးပါလား။
ဗျူးခံ - ဒါကဒီလိုရှိပါတယ်။ ကိုယ်က social ကျတဲ့လူတစ်ယောက်လေ၊ ဆိုရှယ်ကျတယ်ဆိုတာက အခုခေတ်သုံးစကားပေါ့၊ ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့တယ်၊လူ ရည်လည်တယ်ဆိုတဲ့သဘောပေါ့။အဲဒါနဲ့  ဆိုရှယ်ဆိုတဲ့စကားလုံးကိုယူလိုက်တယ်၊ နောက်ချက်ကြီး ဆိုတဲ့နာမည်က အလွယ်ရလာတာမဟုတ်ဘူး။ဟိုးတောရွာေ တွမှာ မှည့်တဲ့ချက်စူ၊ ချက်ကြီး ဆိုတဲ့နာမည်ကိုယူထားတာမဟုတ်ဘူး၊ ကိုယ့်ချက်ကလဲ အကြီးကြီးမဟုတ်ပါဘူး(ဗိုက်ကိုအတ င်းလှန်ပြရင်း)၊ကိုယ်က MIRC တို့ ၊ Gtalk တို့ကိုတစ်နေကုန်သုံးပြီး ထိုင်ချက်(chat) နေကြလေ၊ အဲဒါနဲ့ကိုယ့်ဘော်ဒါတွေက ချက်ကြီးဆိုပြီးနာမည်ပေးထားတာ၊အဲဒီနာမည်ကိုပဲကြိုက်လို့ဒီ ပရောဂျက်စလုပ်တဲ့အချိန်မှာပဲ ဆိုရှယ်ချက်ကြီးဆိုပြီး မှည့်ဖြစ်သွားတာပေါ့၊
ဗျူးသူ-ဆရာကြီးတို့လုပ်ငန်းရဲ့  အဓိက Vision နဲ့ Mission တွေကိုသိပါရစေ။
ဗျူးခံ- အဓိက vision ကတော့ အလွမ်းသင့်အချစ်ဘေးဒုက္ခသည်များကို ပုံမှန်အတိုင်းဆက်လက်နေထိုင်နို င်ရန်အကူအညီပေးရေးဖြစ်ပြီးတော့
Mission ကတော့ အချစ်နဲ့ပက်သက်ပြီးsustainable ဖြစ်နိုင်ရန် ရန်ကုန်တက္ကသိုလ်ရှိ social work ကျောင်းသူကျောင်းသားများ(တက်ရော က်ဆဲ/တက်ရောက်ပြီး) ကို psycho social support များပေးခြင်း၊ peer education များပေးခြင်း စတာတွေဖြစ်ပါတယ်
ဗျူးသူ-ဆရာကြီးတို့ အနေနဲ့ ဒီ ပရောဂျက်ကို စတင်ဖို့ မည်သည့် အရာက တွန်းအားပေးခဲ့ပါသလဲ။
ဗျူးခံ- ဒါကတော့ပထမဆုံး ကျွန်တော်အနေနဲ့ social work ကျောင်းသားတွေကို အရင်ဆုံးလေ့လာကြည့်တဲ့ အခါမှာ ကျောင်းသူအတော်များများဟာ အပျိုကြီးဇာတာနဲ့အသက်ဆက်နေတဲ့သူ တော်တော်များများကိုတွေ့ရှိရပါတ ယ်။ကျောင်းသားထဲမှာလဲ ကိုယ့်ကိုယ်ကိုယ်အရမ်းစွံခဲ့ပါတ ယ် ကောင်မလေးတွေဝိုင်းဝိုင်းလည်ခဲ့ ပါတယ်လို့ကြွားလုံးတွေထုတ်ပြီး ဆယ်တန်းကျောင်းသားဘ၀လောက်မှာဆော င်းခဲ့တဲ့ရွှေထီးကို တမ်းတနေတဲ့ပုဂ္ဂိုလ်ထူးတော်တော်များများ တွေ့ရှိရပါတယ်။ အဲဒီအကြောင်းကိုကျွန်တော်သွားတက်ခဲ့တဲ့ပြည်ပသင်တန်းတစ်ခုမှာ Research အဖြစ်တင် ခဲ့ပါတယ်။ အလွန်တရာမှထူးချွန်ပြောင်မြောက် လှတဲ့ကျွန်တော်ရဲ့  research ကိုသဘောကျပြီး ကျွန်တော့်ကို grant တင်ဖို့ကမ်းလှမ်းလာပါတယ်။အဲဒီမှာကျွန်တော်လဲ အလုပ်မရှိတဲ့သူ (အဲလေ)အလုပ်အရမ်းများတဲ့ကြားက project proposal ရေးပြီး ဒါကိုဖြစ်အောင်လုပ်မယ်လို့ဆုံြး ဖတ်ချက်ခဲ့ပါတယ်။
ဗျူးသူ-ဆရာအနေနဲ့ grant မရ ရင် ဒီအလုပ်တွေဆက်လုပ်ဖြစ်မှာလား…….
ဗျူးခံ- ဒါက ဒီလိုရှိပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာက social work ကို charity based ပရဟိတ လုပ်ငန်းလို့ အနက်ဖွင့်ထားတဲ့သူများနေတော့ခက် ပါတယ်။ grant ယူတဲ့သူတွေကို အပြစ်ပြောဖို့လောက် စိုင်းပြင်းနေတဲ့ပုဂ္ဂိုလ်ကျော်ေ တွလဲ ဒုနဲ့ဒေး ရှိနေပါတယ်။ ကျွန်တော်က တော့ grant ရသည်ဖြစ်စေ မရသည် ဖြစ်စေ ထမင်းမငတ်သေးဘူးဆိုလျှင်တော့ ဒီအလုပ်တွေကိုဆက်လုပ်ဖြစ်ဦးမှာ ပါ
ဗျူးသူ-ဆရာတို့အဖွဲ့အစည်းရဲ့  ဆောင်ပုဒ်ကလေးကိုပြောပြပေးပါ။
ဗျူးခံ- စိတ်ရှည်သည်းခံလမ်းကြောင်းမှန်၊ မောင်းရန်အချစ်ကား ဖြစ်ပါတယ်။
ဗျူးသူ-အရမ်းကောင်းတဲ့ဆောင်ပုဒ် ပါပဲလားဆရာရယ်၊ အဲဒီဆောင်ပုဒ်ကိုဆရာဘယ်ကနေဘယ်လို သတ်မှတ်ဖြစ်သလဲဆိုတာကိုရှင်းပြေ ပးပါ။
ဗျူးခံ- ဟဲဟဲ…………အမှန်အတိုင်းပြောရရင်တော့…….ကျွန်တော့် အသင်းအဖွဲ့လေးအတွက် ဆောင်ပုဒ်ကိုတစ်ခုသတ်မှတ်မယ်ဆို တာနဲ့ကျွန်တော်စဉ်းစားပါတယ်။ တိုတိုလေးနဲ့လဲထိရမယ်။လူတွေရင်ထဲစွဲမြဲသွားစေရမယ်ပေါ့။ ကျွန်တော်ဘက်စ်ကားစီးရင်းနဲ့ ကားပေါ်မှာရေးထားတဲ့စာကိုဖတ်မိပြီး ဒီဆောင်ပုဒ်လေး ကျွန်တော်တို့ အသင်းရဲ့  ဆောင်ပုဒ်အနေနဲ့ သုံးဖြစ်သွားပါတယ်။မြန်မာပြည်မှာ ကော်ပီကလည်း ခေတ်စားတယ်လေ……..။
ဗျူးသူ - ဟုတ်ကဲ့အခုလိုမအားလပ်တဲ့ကြားက ဖြေကြားပေးတဲ့အတွက်အရမ်းကျေးဖူး တင်ရှိပါတယ်ဗျာ။
ဆရာ့အနေနဲ့ Social Work ကျောင်းသားတွေကို အမှတ်တရစကားလေးပြောပေးပါဦးလား။
ဗျူးခံ - ဟုတ်ကဲ့ကျွန်တော်တစ်ခုပဲပြောပါမ ယ်………တာဝန်ယူတတ်သူမှာသာတာဝန်ရှိ တယ် ဆိုတဲ့စကား အတိုင်းကျွန်တော့်မှာ တာဝန်ယူတတ်လွန်းတဲ့အတွက် အခုလိုပရောဂျက်တွေကို အားသွန်ခွန်စိုက်လုပ် ဆောင်နေပါတယ်။ Social work ကျောင်းသားတွေအနေနဲ့လည်းတတ်နိုင်သလောက် လောကအကျိုးကို သယ်ပိုးနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။
ဤသည်ကား ကျွန်ုပ် နှင့် ဆိုရှယ်ချက်ကြီး ၏ အင်တာဗျူးဖြစ်ချေတော့သည်။
စိုးစံ
6.3.2011 (Sunday)
12.00 p.m
မှတ်ချက်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှမရည်ရွယ်ပါ မောင်စိုးစံတစ်ယောက် စာကျက်ရန်အလို့ငှာဟိုစာရွက်ကိုင်လဲ အထာမကျ ဒီစာရွက်ကိုင်လဲအထာမကျဖြစ်နေစဉ် ပေါ်ပေါက်လာသောအတွေးစုများကို ပုံဖော်ထားခြင်းဖြစ်လေသည်။
ဟိုက်ရှားပါး ဆိုပြီး အကျွန်ုပ်တစ်ယောက်အလွန်တစ်ရာမှ အံ့သြဘနန်းဖြစ်ရပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း social work diploma တန်း တက်နေတဲ့သူ တစ်ယောက်ဖြစ်တာကြောင့် အခုပြောနေတဲ့ပုဂ္ဂိုလ်မှာ အဘယ် သူနည်း။ အဘယ်ကနည်း။ ဘာအလုပ်လုပ်သနည်း။ သူလုပ်နေတာဘယ်လောက်ကြာပြီလဲ။ ။စသည်ဖြင့် တစ်ကိုယ်တည်း မေးခွန်းများထုတ်မိလေတော့သည်။ ကိုယ်ကိုယ်တိုင်ကလဲ အချစ်ရေးကံခေ အလွမ်းသမား တစ်ယောက်ဆိုတော့ ထိုဆရာကြီး၏ဟောပြောချက်ပြီးအောင
ဗျူးသူ- ဆရာကြီးရဲ့  နာမည်နဲ့ အလုပ်အကိုင်ကိုသိပါရစေ။
ဗျူးခံ- ဆိုရှယ်ချက်ကြီး( ဒီလောက်နာမည်ကြီးတဲ့ပုဂ္ဂိုလ်ကို
ဗျူးသူ- ဆိုရှယ်ချက်ကြီးဆိုတဲ့နာမည်လေးေ
ဗျူးခံ - ဒါကဒီလိုရှိပါတယ်။ ကိုယ်က social ကျတဲ့လူတစ်ယောက်လေ၊ ဆိုရှယ်ကျတယ်ဆိုတာက အခုခေတ်သုံးစကားပေါ့၊ ပေါင်းသင်းဆက်ဆံရေးဝင်ဆံ့တယ်၊လူ
ဗျူးသူ-ဆရာကြီးတို့လုပ်ငန်းရဲ့  အဓိက Vision နဲ့ Mission တွေကိုသိပါရစေ။
ဗျူးခံ- အဓိက vision ကတော့ အလွမ်းသင့်အချစ်ဘေးဒုက္ခသည်များက
Mission ကတော့ အချစ်နဲ့ပက်သက်ပြီးsustainable ဖြစ်နိုင်ရန် ရန်ကုန်တက္ကသိုလ်ရှိ social work ကျောင်းသူကျောင်းသားများ(တက်ရော
ဗျူးသူ-ဆရာကြီးတို့ အနေနဲ့ ဒီ ပရောဂျက်ကို စတင်ဖို့ မည်သည့် အရာက တွန်းအားပေးခဲ့ပါသလဲ။
ဗျူးခံ- ဒါကတော့ပထမဆုံး ကျွန်တော်အနေနဲ့ social work ကျောင်းသားတွေကို အရင်ဆုံးလေ့လာကြည့်တဲ့ အခါမှာ ကျောင်းသူအတော်များများဟာ အပျိုကြီးဇာတာနဲ့အသက်ဆက်နေတဲ့သူ
ဗျူးသူ-ဆရာအနေနဲ့ grant မရ ရင် ဒီအလုပ်တွေဆက်လုပ်ဖြစ်မှာလား…….
ဗျူးခံ- ဒါက ဒီလိုရှိပါတယ်။ ကျွန်တော်တို့မြန်မာပြည်မှာက social work ကို charity based ပရဟိတ လုပ်ငန်းလို့ အနက်ဖွင့်ထားတဲ့သူများနေတော့ခက်
ဗျူးသူ-ဆရာတို့အဖွဲ့အစည်းရဲ့  ဆောင်ပုဒ်ကလေးကိုပြောပြပေးပါ။
ဗျူးခံ- စိတ်ရှည်သည်းခံလမ်းကြောင်းမှန်၊
ဗျူးသူ-အရမ်းကောင်းတဲ့ဆောင်ပုဒ်
ဗျူးခံ- ဟဲဟဲ…………အမှန်အတိုင်းပြောရရင်တေ
ဗျူးသူ - ဟုတ်ကဲ့အခုလိုမအားလပ်တဲ့ကြားက ဖြေကြားပေးတဲ့အတွက်အရမ်းကျေးဖူး
ဆရာ့အနေနဲ့ Social Work ကျောင်းသားတွေကို အမှတ်တရစကားလေးပြောပေးပါဦးလား။
ဗျူးခံ - ဟုတ်ကဲ့ကျွန်တော်တစ်ခုပဲပြောပါမ
ဤသည်ကား ကျွန်ုပ် နှင့် ဆိုရှယ်ချက်ကြီး ၏ အင်တာဗျူးဖြစ်ချေတော့သည်။
စိုးစံ
6.3.2011 (Sunday)
12.00 p.m
မှတ်ချက်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှမရည်ရ
Comments
Post a Comment