ပညာတတ်တစ်ယောက်နှင့်စကားစမြည်ပြောခြင်း
ဟုတ်ကဲ့ ကော်ပီ ပေ့စ် မလုပ်ရတဲ့ ဘ၀မျိုးတော့ ပိုင်ဆိုင်ချင်ပါတယ် ဆရာ
ဆရာပြောနေတဲ့
တီထွင်ဖန်တီးမှုအသစ်တွေကို
တပည့် မြင်ကြည့်တယ် တယ်ဆိုတာထက် ယောင်ကြည့်ပါတယ်
မထင်လာဘူးဆရာ
မထင်ရှားလာဘူး
ကျွန်တော်တို့က အိုင်ကျူပုတယ်ဆရာ
ဆရာပြောတဲ့အနောက်တိုင်းသားတွေလို အိုင်ကျူမရှည်ဘူး၊
မျက်နှာမရှည်ဘူး၊ အရပ်မရှည်ဘူးဆရာ
ဆရာတို့ပြောပြောနေတဲ့ သေတ္တာထဲ ထွက် ပြီး နေဆိုတာမျိုးက
ရယ်စရာပဲ ဗျ……
ဘယ်သူက သေတ္တာထဲမှာနေလို့လဲ
ကိုယ့်အိမ်ထဲကိုယ်နေတာပါဗျာ
ဦးထုပ်တွေဆောင်းပြီး မီတင်ထိုင်ကြတယ် ဆရာတို့အနောက်တိုင်းမှာ
ဟာ ဆရာကလည်းဗျာ ဦးထုပ်ကြီးတော့ အမြဲမဆောင်းထားချင်ပါဘူး
နေပူနေတာလည်းမဟုတ် မိုးရွာနေတာလည်းမဟုတ်
အခန်းထဲမှာ အစည်းအဝေးအေးအေးဆေးဆေးလုပ်နေတာကို
ဆရာ့ကို ဆရာလို့ခေါ်တာကို ဆရာသဘောကျတယ်မဟုတ်လားဆရာရယ်
ဒီမှာတော့ ဆရာတို့လိုပညာတတ်တွေကို ဆရာလို့ခေါ်တယ်
ဆိုက်ကားနင်းသူကိုလည်း ဆရာလို့ခေါ်တာပဲ
ကားသမားကိုလည်း ဆရာပဲ
လူလူချင်းတွေ့တာ ဆရာဆရာနဲ့အခေါ်ခံလိုက်ရရင် ချမ်းမြေ့ဖို့ကောင်းတယ်လေဗျာ
ဆရာ့ကို ဆရာလို့ပဲခေါ်တာပေါ့ဗျာ
ဆရာက ဆရာ့ဆရာဖြစ်သင်တန်းတွေ ပေးတာဆိုတော့
ဆရာ့ဆရာ ဆရာကြီးပေါ့နော်…
ဆရာ့ ဆရာကို ကျနော်ဘယ်လိုရမလဲဗျ…..
ဆရာဦးထုပ်လေးတွေဆောင်းကြည့်ပါဦး
လွမ်းတေးချို
တပည့် မြင်ကြည့်တယ် တယ်ဆိုတာထက် ယောင်ကြည့်ပါတယ်
မထင်လာဘူးဆရာ
မထင်ရှားလာဘူး
ကျွန်တော်တို့က အိုင်ကျူပုတယ်ဆရာ
ဆရာပြောတဲ့အနောက်တိုင်းသားတွေလိ
မျက်နှာမရှည်ဘူး၊ အရပ်မရှည်ဘူးဆရာ
ဆရာတို့ပြောပြောနေတဲ့ သေတ္တာထဲ ထွက် ပြီး နေဆိုတာမျိုးက
ရယ်စရာပဲ ဗျ……
ဘယ်သူက သေတ္တာထဲမှာနေလို့လဲ
ကိုယ့်အိမ်ထဲကိုယ်နေတာပါဗျာ
ဦးထုပ်တွေဆောင်းပြီး မီတင်ထိုင်ကြတယ် ဆရာတို့အနောက်တိုင်းမှာ
ဟာ ဆရာကလည်းဗျာ ဦးထုပ်ကြီးတော့ အမြဲမဆောင်းထားချင်ပါဘူး
နေပူနေတာလည်းမဟုတ် မိုးရွာနေတာလည်းမဟုတ်
အခန်းထဲမှာ အစည်းအဝေးအေးအေးဆေးဆေးလုပ်နေတာက
ဆရာ့ကို ဆရာလို့ခေါ်တာကို ဆရာသဘောကျတယ်မဟုတ်လားဆရာရယ်
ဒီမှာတော့ ဆရာတို့လိုပညာတတ်တွေကို ဆရာလို့ခေါ်တယ်
ဆိုက်ကားနင်းသူကိုလည်း ဆရာလို့ခေါ်တာပဲ
ကားသမားကိုလည်း ဆရာပဲ
လူလူချင်းတွေ့တာ ဆရာဆရာနဲ့အခေါ်ခံလိုက်ရရင် ချမ်းမြေ့ဖို့ကောင်းတယ်လေဗျာ
ဆရာ့ကို ဆရာလို့ပဲခေါ်တာပေါ့ဗျာ
ဆရာက ဆရာ့ဆရာဖြစ်သင်တန်းတွေ ပေးတာဆိုတော့
ဆရာ့ဆရာ ဆရာကြီးပေါ့နော်…
ဆရာ့ ဆရာကို ကျနော်ဘယ်လိုရမလဲဗျ…..
ဆရာဦးထုပ်လေးတွေဆောင်းကြည့်ပါဥ
လွမ်းတေးချို
Comments
Post a Comment