စင်တင်
အင်္ကျီ အနီဝတ်
စည်ပိုင်းမလေးက
နဂါးနီသီချင်းကို
ဆိုတယ်
ပျော်ရွှင်ခြင်းတွေ
ရောက်လာတယ်
ပန်းကုံးတွေ
သူမ ရသွားတယ်
ယနေ့ကြွလာမိတ်သဟာ
ကျန်းမာကိုယ်စိတ်မြဲပါစေ
အဲဒီကောင်မလေးပေါ့
အသံလေးချိုမြ
သူ့ကို ၀ိုင်းငေးကြည့်တဲ့အကြည့်က
မူးယစ်စူးရှ
ဘယ်မှာနေမလဲဆိုတာ
စူးစမ်းမိ
ကမ္ဘာကြီးရဲ
့ တစ်နေရာပေါ့တဲ့
စကပ်တိုလေးဝတ်ပြီး
သူ့ကိုယ်သူ လုံအောင်ဖုံးရှာတယ်
ဘီယာခွက်ထဲက
အမြုပ်တွေ ဘယ်သူထည့်သွားသလဲ
အဲလိုပဲပေါ့
ကောင်မလေးတစ်ယောက်
ကို ဒီနေရာ ရောက်စေခဲ့တယ်။
စင်ပေါ်တက်ခါစကတော့
လက်တွေတုန်တာပေါ့
ဒူးတွေတုန်တာပေါ့
စင်နောက်ဖက်
ကီးဘုတ်သမား နား ကပ်ကပ်သွားတာ
သီချင်းတွေဆိုတာ
ငွေထုတ်ပေးတဲ့စက်တစ်မျိုးပေါ့
အဲဒီထက်ရောင်းကောင်းတဲ့
စက်ကတော့ ဖော်ထုတ်တင်ပြရမယ်ဆိုတာပါပဲ
ဇာတ်ကြောင်းပြန်ပြောရလောက်အောင်
လွမ်းစရာ မရှိပါဘူး
ရှင်လည်း
ခံတွင်းတွေ့ ဇာတ်လမ်းတွေ ကြားခဲ့ပြီးဖြစ်မှာပါ
ဘယ်လိုပဲပြောပြော
ဆင်းရဲမွဲတွေမှုဟာ ဒီနေရာမှာ ခေတ်စားပါတယ်
ရှင်ကလည်း
အ တတ်ရန်ကော
ဒီနာမည်က
အစစ်ဖြစ်ပါ့မလား
ကျားကြောက်လို့
ရှင်ကြီးကိုး
ရှင်ကြီးက
ကျားထက်လည်းဆိုး
လူထက်လည်းဆိုး
နွားကွဲတော့
ကျားဆွဲတယ်
နွားထဲက ကျားသဏ္ဍာန်
နွားတွေကိုတွေ့ ရ…..
ကယ်တင်ရှင်ကြီး တစ်ယောက်တောင်
ဒီနေရာမှာ ကျပျောက်ခဲ့တယ် လို့ သိရတယ်
လွမ်းတေးချို
Comments
Post a Comment