စာဟောဆရာ
စာဟောဆရာ ရော့ ပန်းသီး ဖမ်းလိုက်ပါဦး ဒီကောင်ကလေးက လူလည် ဆိုတော့ ဘယ်ဖမ်းမလဲ ။ဘေးကလူတွေကလည်း မသိမသာ ရှောင်လိုက်ကြတယ် ။ ပန်းသီးက ကြမ်းပြင်ပေါ်လှိမ့်သွားတယ်။ ပွန်းရာပဲ့ရာတွေနဲ့ ။ မြင်လား အလကားရတာတောင် မဖမ်းကြဘူး ။ အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ ။ # လွမ်းတေးချို စာဟောဆရာ ၂ ရော့ ပန်းသီးလေးဖမ်းလိုက်ပါဦး ဒီကကောင်တွေကလည်းလူလည်တွေ ဖမ်းပြီး အများကိုလှူမှာဗျ အဖေအမေကို ကျွေးမှာဗျ ဆွမ်းတော်တင်မှဗျလို့ နှုတ်တိုက်ကျက်ထားသမျှ ဖြေလိုက်ကြတယ် မြင်လား ဖောက်ထွက်ပြီး မတွေးကြဘူး အလွတ်ကျက်ထားတဲ့အဖြေတွေနဲ့ ဒါကြောင့် မြန်မာပြည် မတိုးတက်တာ အင်္ဂလန်မှာဆိုရင် ဘာညာ ကွိကွ ။ # လွမ်းတေးချို စာဟောဆရာ ၃ ရော့ ပန်းသီးလေး ဖမ်းလိုက်ပါဦး ဒီကောင်တွေက နပ်သွားပြီ ကောက်ဖမ်းလိုက်တယ် တစ်ကိုက် ကိုက်တယ် ထွေးထုတ်တယ် ကြိုတင်ပြင်ထားတဲ့မိုက်နဲ့ ခင်ဗျားပန်းသီးက အင်ကြီး တရုတ်က သွင်းတာကြီး ဖွယ်ဖွယ်ကြီး လို့ ပက်ခနဲပြန်ပြောတယ် မြင်လား ကျေးဇူးကန်းတဲ့သဘော အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ # လွမ်းတေးချို
Comments
Post a Comment