စာဟောဆရာ
စာဟောဆရာ
ရော့ ပန်းသီး ဖမ်းလိုက်ပါဦး
ဒီကောင်ကလေးက လူလည် ဆိုတော့ ဘယ်ဖမ်းမလဲ ။ဘေးကလူတွေကလည်း မသိမသာ ရှောင်လိုက်ကြတယ် ။
ပန်းသီးက ကြမ်းပြင်ပေါ်လှိမ့်သွားတယ်။ ပွန်းရာပဲ့ရာတွေနဲ့ ။
မြင်လား အလကားရတာတောင် မဖမ်းကြဘူး ။ အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ ။

စာဟောဆရာ ၂
ရော့ ပန်းသီးလေးဖမ်းလိုက်ပါဦး
ဒီကကောင်တွေကလည်းလူလည်တွေ
ဖမ်းပြီး အများကိုလှူမှာဗျ
အဖေအမေကို ကျွေးမှာဗျ
ဆွမ်းတော်တင်မှဗျလို့
နှုတ်တိုက်ကျက်ထားသမျှ ဖြေလိုက်ကြတယ်
မြင်လား
ဖောက်ထွက်ပြီး မတွေးကြဘူး အလွတ်ကျက်ထားတဲ့အဖြေတွေနဲ့
ဒါကြောင့် မြန်မာပြည် မတိုးတက်တာ
အင်္ဂလန်မှာဆိုရင်
ဘာညာ ကွိကွ ။

စာဟောဆရာ ၃
ရော့ ပန်းသီးလေး ဖမ်းလိုက်ပါဦး
ဒီကောင်တွေက နပ်သွားပြီ
ကောက်ဖမ်းလိုက်တယ်
တစ်ကိုက် ကိုက်တယ်
ထွေးထုတ်တယ်
ကြိုတင်ပြင်ထားတဲ့မိုက်နဲ့
ခင်ဗျားပန်းသီးက အင်ကြီး
တရုတ်က သွင်းတာကြီး
ဖွယ်ဖွယ်ကြီး လို့ ပက်ခနဲပြန်ပြောတယ်
မြင်လား
ကျေးဇူးကန်းတဲ့သဘော
အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ
ဒီကောင်တွေက နပ်သွားပြီ
ကောက်ဖမ်းလိုက်တယ်
တစ်ကိုက် ကိုက်တယ်
ထွေးထုတ်တယ်
ကြိုတင်ပြင်ထားတဲ့မိုက်နဲ့
ခင်ဗျားပန်းသီးက အင်ကြီး
တရုတ်က သွင်းတာကြီး
ဖွယ်ဖွယ်ကြီး လို့ ပက်ခနဲပြန်ပြောတယ်
မြင်လား
ကျေးဇူးကန်းတဲ့သဘော
အဲ့ဒါကြောင့် မြန်မာပြည် မတိုးတက်တာ
စာဟောဆရာ ၎
ရော့ ပန်းသီးလေး ဖမ်းလိုက်ပါဦး
ပရိတ်သတ်က
အိတ်ထဲက ပန်းသီးကိုယ်စီထုတ်လိုက်တယ်
ပြီးတော့ သူ့ပန်းသီး မလိုတော့ကြောင်း ကြွေးကြော်တယ်
စာဟောဆရာ တစ်ယောက်
အသံဝင်သွားတယ်
အင်္ဂလန်မှာဆိုရင်လေ လို့တော့ ပြောလို့မဆုံးဘူး
နူတန်ဟာ ပန်းသီးကို ဘာဖြစ်တယ် ညာဖြစ်တယ် ဆက်ပြောတယ်
မြန်မာပြည်ကြီးတိုးတက်သွားပြီ
တစ်ယောက်ယောက်က ပြုံးပြီးကြည့်နေတယ်

စာဟောဆရာ ၅
ပန်းသီးသည်လေးကမေးတယ်
ဆရာ ပန်းသီးမဝယ်တာကြာပြီနော်
အဝေးကို ငေးကြည့်ရင်း မျက်ရည်တွေဝဲကာ
ပညာ မတတ်ခဲ့လို့ပေါ့ကွာလို့
ဖြေရှာတယ်
ဆရာ ပန်းသီးမဝယ်တာကြာပြီနော်
အဝေးကို ငေးကြည့်ရင်း မျက်ရည်တွေဝဲကာ
ပညာ မတတ်ခဲ့လို့ပေါ့ကွာလို့
ဖြေရှာတယ်
Comments
Post a Comment