အမေရိက

အမေရိက

ခြေဗလာ တိုင်းပြည်က ဆိုတော့
ဘယ်သွားသွား ဆူးစူးမှာ
ကြောက်နေရတာမျိုး 
ထူးမခြားစွာနဲ့ ဖြစ်ပျက်ယန္တရားကြီး
ရှုမငြီးချင်စဖွယ်ပေါ့

လွမ်းတေးချို





အမေရိက ၂ 

လှချင်တဲ့အခါ လှရတာပါပဲ
ဘယ်သူက လွန်ဆန်မှာမို့လို့လဲ
လမ်းပေါ်ကဂီတ၀ိုင်းကလေး
အလွယ်ဆို မကောင်းဘူးဆို
မလွယ်တာကိုမှ လွယ်မလားစောင့်တယ်
အမြန်ရတဲ့အစားတွေဆို မစားချင်တော့ဘူး
လမ်းတွေဖောက်ပြီး မခမ်းခြောက်စေနဲ့ဆိုလား
ရထားဘူတာရုံကလေးက
လမ်းခွဲပါရစေတဲ့
မင်းစိတ်ကြိုက်ပါပဲဆိုပြီး
လှည့်ထွက်ခဲ့ရတဲ့ ညနေ.........။

လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်