မပိုဘူး လိုပြီးရင်းလို
မပိုဘူး
လိုပြီးရင်းလို
တိုင်းပြည်တစ်ခုရှိမယ်
လိုတာထက်
ပိုလွမ်းရင် အဖမ်းခံရမယ်
လွမ်းလားလို့မေးရင်
လွမ်းတယ်လို့ပဲဖြေမယ်
အရမ်းလွမ်းလားလို့မေးရင်
အရမ်းလွမ်းတယ်လို့ပဲဖြေမယ်
လွမ်းတယ်လို့ပဲဖြေမယ်
အရမ်းလွမ်းလားလို့မေးရင်
အရမ်းလွမ်းတယ်လို့ပဲဖြေမယ်
တိုင်းပြည်တစ်ခုရှိမယ်
လိုတာထက်
ပိုချစ်ရင် အဖမ်းခံရမယ်
ချစ်လားလို့မေးရင်
ချစ်တယ်လို့ပဲဖြေမယ်
အရမ်းချစ်လားလို့မေးရင်
အရမ်းချစ်တယ်လို့ပဲဖြေမယ်
တိုင်းပြည်တစ်ခုရှိမယ်
မင်းရော
ကိုယ်ရော
အတူရှိမယ်
၁၀.၃.၂၀၁၇
မပိုဘူး
လိုပြီးရင်းလို ၂
ငါ့အနမ်းဟာ
ရေတံခွန်လို အားကောင်းမောင်းသန်
သူ့အနမ်းဟာ
လေပြေညင်းလို နူးညံ့သိမ်မွေ့
နှစ်ဦးသားပေါင်းစပ်မိတဲ့အခါ
ရေမှုန်ရေမွှားလေးတွေ လေဟာပြင်ထဲမှာလွင့်စင်ကျလာသလို
ရေမှုန်ရေမွှားလေးတွေ လေဟာပြင်ထဲမှာလွင့်စင်ကျလာသလို
ငါ့အလွမ်းဟာ
ဘီယာနဲ့မြည်းလို့ကောင်းတဲ့ တွဲဖက်အစားအစာ
သူ့အလွမ်းဟာ
ဖုန်းခွက်လေးပေါ်က တီတီတာတာ
နှစ်ဦးသား
တွေ့ဆုံကြတဲ့အခါ
စကားတွေပြောဖို့
လိုမှမလိုတော့တာ
ဝေးလွန်းမက
ဝေးရပေမယ့်
ချစ်လွန်းမက
ချစ်ရတာမျိုး ………။
လွမ်းတေးချို
၇.၃.၂၀၁၇
Comments
Post a Comment