လိုက်မယ်ဆို အမြန်လမ်းပေါ်တက်လိုက်

အချိုမှုန့်ရေဖျော် သောက်ကြဦးမလား 
နဂိုဝါကြွားမနေတဲ့
အပို ဆာဒါးဟင်းချို တစ်ခွက် 
ရွေးချယ်စရာဆိုတာ ဘယ်ပင်လယ်ထဲရောက်ရောက်
လွှင့်ရမည့် ရွက်တွေ
တာရှည်ခံဆေးထိုးထားတဲ့
မုန့်ဖတ်ကိုလည်း ဟင်းရည်အဆစ်တောင်းပြီး
စားနေရဆဲ
ရောဂါကို မဖိတ်ခေါ်ဘူးလို့ ပြောတယ်
တံခါးကိုတော့ ဖွင့်ပေးခဲ့ရတာချည်းပဲ
ဟုတ်တယ်
စစ်အစိုးရခေတ်မှာ
ဧည့်စာရင်းစစ်ခံ သလိုပဲ
မှတ်တိုင်ဆိုပေမယ့်
ကားမှမရပ်ပဲ
ငါတို့ ဥပဒေက အဲ့သလို
အလံဖြူလေး ပြလိုက်ပါပြီတဲ့
ဘယ်သူ့ ခေါင်းပေါ်မှာမှ ထမ်းမထားချင်တဲ့
ဗြဟ္မာ့ဦးခေါင်းလို စနစ်ကြီး


လွမ်းတေးချို
June 16, 2017

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်