ကောင်ဆယ်လာကြီးနဲ့စကားစမြည်

ကောင်ဆယ်လာကြီးနဲ့စကားစမြည်
ရှင် ကျမ ကို မေးခွန်းတွေနဲ့ ဆွဲခါ လှုပ်ရမ်းလိုက်တဲ့အခါ
ကျမ မပီမပြင် လျှို့ ဝှက်ထားတဲ့ ထရန်မာ တွေ ထွက်ကျလာတယ်
အချိန်တွေကုန်သွားမှာစိုးတဲ့စိတ်နဲ့ 
ကျမ စကားတွေ ပြောနေခဲ့မိတယ် ဆရာ
ရှင့် မျက်ဝန်းတွေက
ကျမ ကို ယုံတယ်လို့ပြောတယ်
မေးခွန်းတွေ သိပ်စွမ်းအားကြီးတယ်
ပြီးတော့ ကျမ ရှင့်ရဲ့  အလုပ်ဖုန်းမဟုတ်တဲ့
ကိုယ်ပိုင်ဖုန်းနံပတ် လိုချင်တယ်
ကျမ ရှင့်လက်ကို
အားကိုးတကြီး ဆုပ်ကိုင်လိုက်တယ်
ရှင်ရုန်းတယ်
အဖြေကို ကျမ သိသားပဲ
ရှင်ကျမကို စကားတစ်ခွန်းပြောတယ်
အချိန် ပြည့်ပြီတဲ့
Dear Zindagi အိန္ဒိယဇာတ်ကား တစ်ကားကြည့်ပြီးချရေးမိသွားတယ်။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်