ပျော်ရွှင်ခြင်းကို ဘာနဲ့ဝယ်မလဲ

ပျော်ရွှင်ခြင်းကို ဘာနဲ့ဝယ်မလဲ

ဒီတစ်နေ့တာအတွက် စကားလုံးကတော့ အရှုံးပါ ဆိုမှ
ငါသိပါတယ်တဲ့
အကြည့်နဲ့ ထစ်ခနဲ
စကားလုံးတွေနဲ့ ပစ်ပေါက်
သူသိလိုက်ပါပြီ
မိန်းမ ဆိုတာလည်း ခိုဝင်စား တစ်မျိုးပဲ
အဆင်မပြေမှုက အငွေ့တထောင်းထောင်းထွက်ချိန်မှာ
အဆင်ပြေမှုက ဆင်ဆာဖြတ်ခံလိုက်ရတဲ့ ဇာတ်ကား
ကြည့်ကောင်းကောင်းနဲ့ဆက်ကြည့်လည်း ဘာထူးမှာလဲ
တစ်နေရာပြီးတစ်နေရာ အလည်ရောက်
ရောင်းမကောင်းတဲ့ စကင်နာ တွေက
ဒုက္ခဆိုတာ လေးထောင့်ပုံးကြီးကွလို့ ဆိုတယ်
အပြောင်းအလဲဆိုတာကို စတင်ဖို့
လက်ရှိအခြေအနေကို လက်သင့်မခံဖို့လိုတယ်
ပိုက်ဆံမရတဲ့ အလုပ်သင်ဘ၀ကို
အိမ်မဲ့ယာမဲ့ဂေဟာတွေမှာအိပ်ပြီး ၀ယ်ယူရတယ်
ဒိုင်နိုစောကြီးတွေတွေ့လား
သူ့ကလေးဟာ သူနဲ့လိုက်ဖက်ညီစွာ က ခဲ့တယ်
အဆုံးသတ်ဟာ ရေအိမ်ထဲမှာ အိပ်စက်ခြင်း
ပျော်ရွှင်ခြင်းကို ရယူစားသုံးခွင့် တဲ့
ဘယ်လိုလှည့်ကွက်တွေနဲ့
လွတ်လပ်ရေးကြေငြာစာတမ်းထဲ ထည့်ရေးခဲ့တာလဲ
ကံ ဥာဏ် ၀ိရိယ တဲ့
ကံဆိုတဲ့ မမြင်ရတဲ့လက်မဲကြီးကို မုန်းလိုက်တာ
ပျော်စရာကောင်းတဲ့ ဇာတ်သိမ်းဟာ
ဇာတ်လမ်းထဲမှာ ရောက်လာခဲ့တယ်
ဖြစ်ရပ်မှန်အပေါ်အခြေခံ ထားပါတယ်တဲ့
လွမ်းတေးချို
၈.၁.၂၀၁၇
၁၀း ၂၁ နာရီ (မနက်)
pursuit of happiness ဆိုတဲ့ ဇာတ်ကားအကြောင်းရေးထားတာ

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်