တိတ်ဆိတ်ခြင်းဂီတ
တိတ်ဆိတ်ခြင်းဂီတ
တံခါးက ပြောတယ်
နောက်ကျခြင်း သီချင်းကို ဆိုလိုက်ပါတော့တဲ့
လမ်းကလေးက ပြောတယ်
သူသွားရတော့မယ်တဲ့
နောက်ကျခြင်း သီချင်းကို ဆိုလိုက်ပါတော့တဲ့
လမ်းကလေးက ပြောတယ်
သူသွားရတော့မယ်တဲ့
မီးအိမ်လေးက ပြောတယ်
သူအိပ်ပါရစေတဲ့
ဝါးပင်လေးက ပြောတယ်
အပင်မြင့်တော့လည်း အခုတ်ခံရတာပေါ့တဲ့
သူအိပ်ပါရစေတဲ့
ဝါးပင်လေးက ပြောတယ်
အပင်မြင့်တော့လည်း အခုတ်ခံရတာပေါ့တဲ့
ကဗျာက ပြောတယ်
ကဗျာ မဆန်ပါရစေနဲ့တော့တဲ့
ပန်းကလေးက ပြောတယ်
ရနံ့မွှေးချင်ရုံနဲ့ သူ့ဆီမလာခဲ့နဲ့တဲ့
ကဗျာ မဆန်ပါရစေနဲ့တော့တဲ့
ပန်းကလေးက ပြောတယ်
ရနံ့မွှေးချင်ရုံနဲ့ သူ့ဆီမလာခဲ့နဲ့တဲ့
အချစ်က ပြောတယ်
မချစ်ရင်လည်း နေပါစေတော့တဲ့
အလွမ်းကပြောတယ်
နားပါဦးလား တဲ့
ကျွန်တော် ပြန်ပြောမိတယ်
တိတ်ဆိတ်ခြင်းဟာ အသံတစ်မျိုးပါပဲ လို့
တိတ်ဆိတ်ခြင်းဟာ အသံတစ်မျိုးပါပဲ လို့
လွမ်းတေးချို
၂၆.၃.၂၀၁၇
၂၆.၃.၂၀၁၇
Comments
Post a Comment