ကဗျာစပ်တာလား ကဗျာက စပ်နေတာလား စပ်နေတဲ့ကဗျာ ခင်ဗျားတို့ဖတ်မလား
ကဗျာစပ်တာလား ကဗျာက စပ်နေတာလား စပ်နေတဲ့ကဗျာ ခင်ဗျားတို့ဖတ်မလား
အမြဲနောက်ကျနေတတ်တယ် အိပ်မက်ဆိုတာ လည်း မက်လို့မဆုံးဘူး လိပ်ပြာလေးတွေ ပိုးတုံးလုံးလေးတွေပါ ထည့်ဖွဲ့ ကြေကွဲပြတယ် လွမ်းတဲ့အကြောင်းမပါရင်မပြီးဘူး လရောင်၊ ကြယ် ၊ ပင်လယ် ၊သစ်ရွက် ရေတံခွန်၊ ပြတင်းပေါက် ၊ စီးကရက် ၊ ပန်းအမျိုးမျိုး ကာလသုံးပါး၊ ကံသုံးပါး ၊ ရန်သူမျိုးငါးပါး ၊ဥတုသုံးပါး မျက်ရည် အကြောင်းအကျိုး ၊ နာမ၀ိသေသနတွေ ထည့်ထားတဲ့ကောင်းကင် တစ်ခုခုတော့ ထည့်ရမှာပဲ တံခါး တွေကို ဖွင့်တဲ့အကြောင်း ပိတ်တဲ့အကြောင်း မဖွင့်ဖြစ်တာ ကြာပြီဆိုတဲ့အကြောင်း မပိတ်ပဲ ထားခဲ့တာ နေရခက်နေတဲ့အကြောင်း အခန်း ကို ပုံစံအမျိုးမျိုးနဲ့ ရေးရတယ် ဘ၀ ဆိုတာကြီးကော လေတံခွန်တွေ ၊ ကြိုးတွေ လှိုင်းတို့ ၊ သစ္စာတို့ မပါရင် အချစ်ကဗျာ မမည်ပြန်ဘူး ဓာတ်ပုံ ကို ဟောင်းမလား ၊ အသစ် ရိုက်မလား ခေတ် ကြီးကို လည်း စောင်းပါးရိပ်ခြည် ထပ်ထည့် ကျောင်းအကြောင်းဆိုရင် လွယ်အိတ် ၊ ကျောပိုးအိတ် ၊ ထီး မဖြစ်မနေပါရမယ် စိန်ပန်းအစုံအလင် ကောင်မလေးအကြောင်းဆိုရင် အာရုံငါးပါးကို ကစားပြ အသံ = ဘယ်လိုလေးဟ အမြင် = ဘယ်လိုပုံလေးဟ အနံ့ = ဘယ်လို ရနံ့မျိုး ဟ အရသာ = ရှိသလား မရှိဘူးလား အထိအတွေ့ = ခံစားရပုံလား ၊ ဘယ်လောက်ကြာသလဲ ၊ ဘယ်နေရာကို ထိတွေ့တာလဲ ၊ အကြိမ်အရေအတွက် ဘာသာရေးအမြင်လေး ထည့်မလား ဟုတ်ပြီ ဆုတောင်းအမျိုးမျိုး ၊ ဘုရားပေါင်းစုံ သံသရာ ဘုရားသခင် အကြောင်းပြောရင်တော့ အပြုသဘောပြောမလား အပျက်သဘော ပြောမလား ဘယ်လောက်ထိ ပြုပြီး ဘယ်လောက်ထိ ပျက်မလဲ ယုံကြည်တဲ့အကြောင်းပြောမလား မယုံကြည်တဲ့အကြောင်းပြောမလား ပြောလို့မပြီးတဲ့အကြောင်းပြောမလား လွယ်ပါတယ် ဘ၀ ဆိုတာ တို့ အချစ်ဆိုတာတို့ ပုရွက်ဆိတ်ကလေးတစ်ကောင်ဟာ သကြားတောင်ကြီးကို သယ်နေပါတယ် သယ်နေဆဲပဲ ၊ သယ်လာလတ္တံ့  ။ လွမ်းတေးချို ၁၂.၁၂.၂၀၁၆ |
Comments
Post a Comment