လှေကားလိုကဗျာကို သူတို့ဖတ်ချင်တယ်ဆိုလည်း ရေးပေးရမှာ
လှေကားလိုကဗျာကို
သူတို့ဖတ်ချင်တယ်ဆိုလည်း ရေးပေးရမှာ
ဘ၀ ကို မြင့်မားစေမည့်
အတွေးအခေါ်တွေကို ကဗျာမှာ ထည့်ရေးထားပါတယ်
အနှစ်တွေ
တကယ့် အနှစ်တွေ
တစ်ခါလောက်မှ
မကြားဖူးလိုက်ရင် လူရာမ၀င် ဖြစ်ယုံမက နောင်တတွေပါ တသီတတန်းရသွားမှာ
အဓိက နဲ့
သာမည ခွဲဖတ်ဖို့လိုပါတယ်
ဒီလို ကဗျာကို
ရေးသားလိုက်နိုင်တဲ့အတွက်ကြောင့်
ကျေးဇူးရှင်ဆရာသမား
၊ မိဘဆရာတွေ ရဲ့  ဂုဏ်ကျေးဇူးကို အထူးတင်ရှိတဲ့အကြောင်းပြောရမှာပါပဲ
ဒီကဗျာ ဖတ်ပြီးရင်
ပထမဆုံးလုပ်ရမှာက
သာဓု သုံးကြိမ်ခေါ်ဆိုပစ်လိုက်ဖို့ပဲဖြစ်ဖြစ်
လက်မလေးထောင်ပြီးတော့ဖြစ်ဖြစ်
ချီးကျူးထောပနာပြု
လိုက်ရမှာပါ ။
အဖိုးမဖြတ်နိုင်တဲ့ကဗျာ
၊ နည်းမှန်လမ်းမှန်ကဗျာ ၊ မှတ်သားထိုက်တဲ့ စကားတွေနဲ့ကဗျာ
အမျိုးသားရေးတွေ
နိုးကြားစေမည့်ကဗျာ
ထူးချွန်ပြောက်မြောက်
လှပါတယ်လို့ တအံ့တသြ ကွန်မန့်ပေးရမည့် ကဗျာ
ငိုချင်စိတ်တွေပျောက်
ခွန်အားတွေ ရောက်လာစေရမှာပေါ့
အချိန်ကို
မဖြုန်းသင့်တဲ့အကြောင်း တန်ဆေးလွန်ဘေးဖြစ်တဲ့
အစားအစာတွေ
ကမ္ဘာကြီးရဲ
့တစ်ဖက်မှာလည်း ငတ်ပြတ်နေသူတွေ အများသားမဟုတ်လား
ဒီလိုအခြေအနေမှာ
သင့်စိတ်ကို ရောင့်ရဲတတ်စေဖို့ ကဗျာလာပြီ ကဗျာလာပြီ ကဗျာလာပြီ
လွမ်းတေးချို
၈.၂.၂၀၁၇
Comments
Post a Comment