ဆေးထိုးပြီး မှည့်ခဲ့တဲ့သစ်သီး
အချိန်မတန်သေးရင်
ပန်းတွေကို ဇွတ်မပွင့်သင့်ဘူး
ဒုက္ခပါပဲ
လှိုင်းတွေကို အရောင်ပြောင်းမိခဲ့ပြီ
စိတ်ယားယံမှုကို ဘာနဲ့ဖြေမလဲ
ဒုက္ခပါပဲ
လှိုင်းတွေကို အရောင်ပြောင်းမိခဲ့ပြီ
စိတ်ယားယံမှုကို ဘာနဲ့ဖြေမလဲ
တစ်စုံတစ်ယောက်က
အဲ့ဒီသစ်သီးတွေ သိပ်လှလို့ပြောရင်
ငါပြောပစ်လိုက်မယ်
အဲ့ဒါ စစ်ချင်ယောင်ဆောင်ထားတဲ့ အတုတွေ
အဲ့ဒီသစ်သီးတွေ သိပ်လှလို့ပြောရင်
ငါပြောပစ်လိုက်မယ်
အဲ့ဒါ စစ်ချင်ယောင်ဆောင်ထားတဲ့ အတုတွေ
ကိုယ်ထူလိုက်မှ
သူ ထလို့တောင်မရ တဲ့အဖြစ်
အခန်းထောင့်မှာ လေဟာနယ်တွေ
လွင့် နေ တယ်
သူ ထလို့တောင်မရ တဲ့အဖြစ်
အခန်းထောင့်မှာ လေဟာနယ်တွေ
လွင့် နေ တယ်
လွမ်းတေးချို
၁၉ ဇွန် ၂၀၁၆
၁၉ ဇွန် ၂၀၁၆
Comments
Post a Comment