အာဖရိကမှာ ဘုရားသခင်ဟာ ရူးနေတာဖြစ်ရမယ်ဆိုတဲ့ ဇာတ်ကား
ပထမဆုံးငါသိခဲ့တာက
ပုလင်းတစ်လုံးပဲ
ကောင်းကင်က ပြုတ်ကျလာတာ
လူတိုင်းတအံ့တသြ ငေးကြည့်ရတာ
အပေါ်ပိုင်း ဗလာကျင်းနဲ့ လူသားတွေ
ကောင်းကင်က ပြုတ်ကျလာတာ
လူတိုင်းတအံ့တသြ ငေးကြည့်ရတာ
အပေါ်ပိုင်း ဗလာကျင်းနဲ့ လူသားတွေ
လူတွေရဲ့  ဒေါသ ၊ ယှဉ်ပြိုင်မှု ၊ မနာလိုမှုတွေဟာ သူတို့ဆီရောက်ခဲ့တယ်။
ပုလင်းတစ်လုံးဟာ ဆုလာဘ်ပဲ
ပုလင်းတစ်လုံးဟာ နတ်ဆိုးပဲ
လမ်းလွှဲပြီးရောက်လာတဲ့ကျိန်စာ
ပုလင်းတစ်လုံးဟာ နတ်ဆိုးပဲ
လမ်းလွှဲပြီးရောက်လာတဲ့ကျိန်စာ
မျက်နှာတွေကို မိတ္တူဆွဲပြီး ထုတ်လုပ်ထားသလား
ငါကြည့်လိုက်တိုင်း သူတို့တွေက တစ်ပုံစံတည်း
ငါကြည့်လိုက်တိုင်း သူတို့တွေက တစ်ပုံစံတည်း
ဒါဟာ
ငါသိခဲ့တဲ့ ခါလာဆူး
ငါသိခဲ့တဲ့ ခါလာဆူး
ခင်ဗျားလည်းသိချင်သိနေမှာ
လွမ်းတေးချို
Comments
Post a Comment