မချင့်မရဲ
မချင့်မရဲ
ရန်ကုန်ဟာ ခြေရာကြီးလာတဲ့ ကျား ဖြစ်တယ်
ဒါကြောင့် ဘွတ်ဖိနပ်ကြီးကြီး ၀တ်ဖို့လိုတယ်
လျှပ်စစ်မီး မရရင် မလျှော်ပဲထားတဲ့ခြေအိတ်ကြီးဝတ်ရသလို
ဖေ့စဘွတ် ပေါ်မှာ နံမယ်။
ဒါကြောင့် ဘွတ်ဖိနပ်ကြီးကြီး ၀တ်ဖို့လိုတယ်
လျှပ်စစ်မီး မရရင် မလျှော်ပဲထားတဲ့ခြေအိတ်ကြီးဝတ်ရသလို
ဖေ့စဘွတ် ပေါ်မှာ နံမယ်။
လမ်းပေါ်မှာ ကြီးပြင်းခဲ့တော့
ညဆယ့်တစ်နာရီဟာ အိမ်ပြန်ချိန်မဟုတ်ဘူး
ရေတံခွန်တွေကို ပိတ်ဖို့ မကြိုးစားနဲ့
ဒါဟာ ရေစက်ခေါင်းမဟုတ်ဘူး
ညဆယ့်တစ်နာရီဟာ အိမ်ပြန်ချိန်မဟုတ်ဘူး
ရေတံခွန်တွေကို ပိတ်ဖို့ မကြိုးစားနဲ့
ဒါဟာ ရေစက်ခေါင်းမဟုတ်ဘူး
တော်သေးတယ် ဖွတ်တွေသာအတောင်ပေါက်လာခဲ့ရင်
ဖွတ်ချေးကြောင့် ဒုက္ခရောက်နှုန်းတွေမြင့်ဦးမယ် လို့
ဖြေတွေးရတယ်။
ဖွတ်ချေးကြောင့် ဒုက္ခရောက်နှုန်းတွေမြင့်ဦးမယ် လို့
ဖြေတွေးရတယ်။
ဒေါင်းယောင်ဆောင်တဲ့ကျီး ပုံပြင်လား
ဒေါင်းတွေဟာ ဘာအယောင်ဆောင်ကြမှာလဲ
ဒေါင်းတွေဟာ အသံညံလို့
အဲ့ဒီတော့ ငါတို့ဟာ ချွေးတစက်စက်ကျ
ခွေးမှိုင် မှိုင်နေရတယ် အမှောင်ထဲမှာ ။
ဒေါင်းတွေဟာ ဘာအယောင်ဆောင်ကြမှာလဲ
ဒေါင်းတွေဟာ အသံညံလို့
အဲ့ဒီတော့ ငါတို့ဟာ ချွေးတစက်စက်ကျ
ခွေးမှိုင် မှိုင်နေရတယ် အမှောင်ထဲမှာ ။
လွမ်းတေးချို
၁၂.၅.၂၀၁၆
၁၂.၅.၂၀၁၆
Comments
Post a Comment