ကမ္ဘာကြီး
ကမ္ဘာကြီး
သူငါ့ကို အမြဲပန်ထားတယ်လို့ပြောတယ်
ငါလည်းလန်းဆန်း နေဖို့လိုတယ်လေ
ပန်းရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
ပန်းရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
ပန်းကို တစ်လွှာချင်းဆီ ခွဲခြမ်းစိတ်ဖြာလိုက်ရင် နာကျင်ရမှာ
ငါလည်းလန်းဆန်း နေဖို့လိုတယ်လေ
ပန်းရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
ပန်းရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
ပန်းကို တစ်လွှာချင်းဆီ ခွဲခြမ်းစိတ်ဖြာလိုက်ရင် နာကျင်ရမှာ
သူငါ့ကို ကိုယ်နဲ့မကွာ ၀တ်ထားတယ်လို့ ပြောတယ်
ငါလည်း သန့်ရှင်းတောက်ပြောင်နေဖို့လိုတယ်လေ
အ၀တ်တစ်ထည်ရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
အ၀တ်တစ်ထည်ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
အ၀တ်ကို လုံးချေပြီး ပုံထားမယ်ဆိုရင် အကြောင်းရင်းကဘာလဲ
ငါလည်း သန့်ရှင်းတောက်ပြောင်နေဖို့လိုတယ်လေ
အ၀တ်တစ်ထည်ရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
အ၀တ်တစ်ထည်ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
အ၀တ်ကို လုံးချေပြီး ပုံထားမယ်ဆိုရင် အကြောင်းရင်းကဘာလဲ
သူငါ့ကို ကိုက် တယ်
ငါ ဟာ အသားတစ်စ အဖြစ် အရသာရှိနေဖို့ လိုတယ်
အသားတစ်စ ရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
အသားတစ်စ ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
အသားတစ်စကို ကျေညက်အောင်ဝါးစားပြီးတဲ့ အခါ ဘာဖြစ်မလဲ
ငါ ဟာ အသားတစ်စ အဖြစ် အရသာရှိနေဖို့ လိုတယ်
အသားတစ်စ ရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
အသားတစ်စ ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
အသားတစ်စကို ကျေညက်အောင်ဝါးစားပြီးတဲ့ အခါ ဘာဖြစ်မလဲ
သူငါ့ကို ရင်ဘတ်ထဲ ထည့်ထားတယ်
ငါဟာ ဗိုင်းရပ်စ် အဖြစ်ရှင်သန်နေတာမျိုး
ဗိုင်းရပ်စ်ရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
ဗိုင်းရပ်စ်ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
ဗိုင်းရပ်စ်ကို ပျောက်ကင်းအောင် ကုသလို့ ရသလား
ငါဟာ ဗိုင်းရပ်စ် အဖြစ်ရှင်သန်နေတာမျိုး
ဗိုင်းရပ်စ်ရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
ဗိုင်းရပ်စ်ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
ဗိုင်းရပ်စ်ကို ပျောက်ကင်းအောင် ကုသလို့ ရသလား
သူဟာ ငါ နဲ့ အတူတူပဲ တဲ့ ၊ ထပ်တူပဲ တဲ့
ငါဟာ ဘယ်သူလဲ
ငါရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
ငါ့ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
ငါပျောက်ဆုံးတဲ့အခါ သူ ပါ လိုက်လံပျောက်ဆုံးသွားမှာပေါ့
ငါဟာ ဘယ်သူလဲ
ငါရဲ့  ပန်းတိုင်ဟာ ဘာဖြစ်မလဲ
ငါ့ရဲ့  အသုံးဝင်မှုကို ငါသိလိုတယ်
ငါပျောက်ဆုံးတဲ့အခါ သူ ပါ လိုက်လံပျောက်ဆုံးသွားမှာပေါ့
#လွမ်းတေးချို
၂၉ ဇူလိုင် ၂၀၁၇
၂၉ ဇူလိုင် ၂၀၁၇
Comments
Post a Comment