တရားပွဲ

တရားပွဲ
နှစ်နာရီလောက်စောရောက် 
နေရာလုရင်း 
ရန်ဖြစ်ကြတယ်

တရားပွဲ ၂
ဆယ်ဖီတွေဆွဲ 
နီးစပ်ရာလူတွေ 
သာဓုခေါ် ကြပါစေ

တရားပွဲ ၃
ဒရုန်းတွေက
ခေါင်းပေါ်ဝဲ
မီးတွေ ဖျတ်ခနဲလတ်လာ
ဉာဏ်အလင်းတွေကို ဘာနဲ့ရိုက်မလဲ
တရားပွဲ ၎
နာမည်ကြီး ဆရာတော်ဆိုတော့
လူစည်တာပေါ့
ဦးခိုင်းတဲ့နေရာကို 
စက္ကန့်မလပ်စောင့်ကြည့်
တရားပွဲ ၅
ဘာသာရေးလုပ်ပြီး
စိတ်ဓာတ်မကောင်းရင်
အဆက်အသွယ်ကို မလုပ်ဘူး 
နှုတ်ခမ်းကို မောင်းတင်ထား

တရားပွဲ ၆

မိုးရွာတော့မည် 
ရောက်ရောက်ချင်း
ဆယ်ဖီဆွဲကြပါသည် 
ဤသစ္စာ စကားကြောင့် မိုးမရွာပါစေနဲ့
ငင်

တရားပွဲ ၇
ဘုန်းကြီးထက် မိုက်ကိုင်တဲ့
ဂေါပက က ပိုကဲ
ဟိုလိုလုပ်လိုက်ပါဦး 
ဒီလိုလုပ်လိုက်ပါလား

တရားပွဲ ၈
အမှိုက်ပုံမှာ ယင်အုံတာလား
ပန်းချုံ မှာ ပျားအုံတာလား
ဘုန်းကြီးက ဒီလိုဟောတယ်

တရားပွဲ ၉
မကောင်းမှုက လိုက်တယ်
ကောင်းမှုက တံခါးမပွင့်သေးဘူး
အိုဘယ့် အမိမြေ
လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်