ပန်းတွေပွင့်ကြွေတဲ့နေရာ

ပန်းတွေပွင့်ကြွေတဲ့နေရာ

ရွာထဲပေးမ၀င်တော့ဘူး
လက်တွေကို ကြိုးချည်ထားတယ်
ချွေးနံ့ပေါင်းစုံဟာမရပ်မနား 
ပန်းတော့ပန်းခင်းကြီးပဲ
တစ်ပွင့်ပြီးတစ်ပွင့် ပွင့်ခဲ့ပြီးတဲ့နောက်မှာ
ပန်းခင်းကြီးဟာ ဗွက်ပေါက်လာ
ရွာထဲပေးမ၀င်တော့ဘူး
အကြည့်တွေထဲမှာလည်း ရောဂါတွေပါတယ်
ဒီအလုပ်လုပ်မှတော့ ဒီရောဂါတော့ရှိနေမှာပဲ
နေ့စ္စဒုဝမီးဟာ ဘယ်သူရှို့ တာလဲ
ရွာထဲကို ပေးမ၀င်တော့ဘူး
ဖြူစင်ရိုးသားလွန်းသူ တစ်ယောက်ရောက်လာတယ်
ချစ်ကြိုးတွေသွယ်ကြမယ်
ငါတို့အားလုံးမှာ ဒီလို ဇာတ်လမ်းမျိုးရှိတယ်
အဲ့ဒီ Level ကို ဒီရောက်လာတဲ့သူတိုင်း ဖြတ်ခဲ့ရတယ်တဲ့
ရွာထဲကို ပေးမ၀င်တော့ဘူး
ဘက်စ်ကား အကြီးစားကြီးကို ရထားလို့ခေါ်တယ်
ခေါင်းတွဲကနေပြုတ်ထွက်ရင် အတွဲလိုက်ကျန်ခဲ့ရမှာ
မိသားစုကို မျက်နှာမလွှဲထားနိုင်လို့
ခုတ်မောင်းနေခဲ့ရတာ
ရွာထဲကို ပေးမ၀င်တော့ဘူး
လိုက်ပို့တုန်းက တော့ တစ်သီတစ်တန်းကြီးပဲ
ရွာပြင်မှာ သေတဲ့ မသာကို ရွာထဲခေါ်ထားလို့ မရသလိုမျိုး
သူ့ကို ကြောက်ကြတယ်
သူ့တို့ အကြောက်က ရွံတာ နည်းနည်းပါတော့ ရွံကြောက်ပေါ့
ရွာထဲကို ပေးမ၀င်တော့ဘူး
အလုံခန်းထဲမှာ လေ၀င်ပေါက်ကလေး ရှိနေခြင်းဟာ
ရှင်သန်ခြင်း အကြောင်းတရားပေါ့
ရွတ်ဖတ် သရဇ္ဈာယ် လိုက်ကြတယ်
အနာဂတ်ကို မောင်းသူမဲ့ယာဉ်တွေနဲ့ လွှမ်းခြုံမယ်ဆိုလား
လွမ်းတေးချို
ညနေ ၆ နာရီ
မေလ ၁၃ ရက်၊ ၂၀၁၇
Sold ဆိုတဲ့ နီပေါ ဇာတ်ကားလေးကြည့်ပြီးတဲ့နောက်မှာ ချရေးမိသွားတယ်။ ကလေးသူငယ် လူကုန်ကူးမှုနဲ့ ပက်သက်ပြီး ရိုက်ထားတဲ့ဇာတ်ကားလေးပေါ့ ။ လိင်မှု သားကောင်အနေဖြင့် စတေးခံရတဲ့ ကလေးတွေ အကြောင်းကို ပုံဖော်ထားတာ။

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်