စိတ်ထွက်ပေါက်
စိတ်ထွက်ပေါက်
တစ်ခါတစ်လေ
ဆေးလိပ်မီးနဲ့ ကိုယ့်မေးစေ့ပြန်ထိုးမိတဲ့အထိ တွေဝေနေပြီး
တစ်ခါတစ်လေ
ကမ္ဘာကြီးကိုတောင်
ဆွဲမ ပစ်မည့်တက်ကြွမှုမျိုးနဲ့
ငါ့ကိုယ့်ငါ ဖမ်းမမိတဲ့ကီး
ဆေးလိပ်မီးနဲ့ ကိုယ့်မေးစေ့ပြန်ထိုးမိတဲ့အထိ တွေဝေနေပြီး
တစ်ခါတစ်လေ
ကမ္ဘာကြီးကိုတောင်
ဆွဲမ ပစ်မည့်တက်ကြွမှုမျိုးနဲ့
ငါ့ကိုယ့်ငါ ဖမ်းမမိတဲ့ကီး
ဘယ်လိုင်းမှာ ငါကြည့်ချင်တဲ့
ဇာတ်လမ်းလာမလဲ
အဝေးထိန်းခလုတ်ဟာ ဓာတ်ခဲအားကုန်နေတယ်
ဇာတ်လမ်းလာမလဲ
အဝေးထိန်းခလုတ်ဟာ ဓာတ်ခဲအားကုန်နေတယ်
ခရီးက တိုပေမယ့်
မရောက်နိုင်ဘူး
အပြုံးကြီးပြုံးပြီး
အရှုံးကြီးရှုံးရတဲ့နေ့ရက်တွေ
မရောက်နိုင်ဘူး
အပြုံးကြီးပြုံးပြီး
အရှုံးကြီးရှုံးရတဲ့နေ့ရက်တွေ
မဖြေပဲထားရင် မရှင်းမှာစိုးလို့
ဖြေရှင်းမိတယ်
သံသရာဟာ ဘီယာနံ့သင်းပြန်တယ်
ဖြေရှင်းမိတယ်
သံသရာဟာ ဘီယာနံ့သင်းပြန်တယ်
စီးကရက်ငွေ့တွေနဲ့ ယက်ထားတဲ့ ညနေခင်း
အလင်းပွင့်တွေရှာမိတယ်
ပျော်စရာဟာ ပြောစရာဖြစ်လာတော့
ပျင်းစရာကြီး
ငြီးငွေ့မိပြန်တယ်
အလင်းပွင့်တွေရှာမိတယ်
ပျော်စရာဟာ ပြောစရာဖြစ်လာတော့
ပျင်းစရာကြီး
ငြီးငွေ့မိပြန်တယ်
လွမ်းတေးချို
23.5.2017
23.5.2017
Comments
Post a Comment