ငါ မျက်မှန်တပ်တယ်

ငါ မျက်မှန်တပ်တယ်

အရင်က မမြင်ရတဲ့အရာတွေကို ငါမြင်ရတယ်
ငါမမြင်တဲ့အရာကို မရှိဘူးလို့ ငါပြောတာပဲ

အကွာအဝေးဟာ ခန့်မှန်းလို့မရတော့ဘူး
တစ်ပေလား နှစ်ပေလား
ငါကြည့်နေတဲ့အရာနဲ့ ငါနဲ့ကြား

ဖုန်မှုန့်တွေ မြင်ရတယ်
ဘယ်ကရောက်လာတာလဲ

ကားတွေဟာ အရောင်ပိုတောက်နေပြီး
အလင်းဟာ နဂိုထက်ပိုပြီး လင်းပ

လောကကို ဘောင်ခတ်ကြည့်သူတွေ ၊ မှန်ကြောင်တွေ ၊ လေးလုံးတွေ
ငါပြောခဲ့တဲ့စကားတွေဟာ ပဲ့တင်သံ အဖြစ် ပြန်ရောက်လာတယ်

လွမ်းတေးချို
၁၈.၁.၂၀၁၆
၁၀း၂၃ နာရီ ( မနက်)

Slam Express 5 မှာ ရွတ်ခဲ့တဲ့ကဗျာ 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်