ဆယ်ဖီ
ဆယ်ဖီ
ဖောက်ခွဲပစ်လိုက်ဖို့လည်း
မလုံလောက်ဘူး ဆယ်ဖီ
ဒါဆို ဘာကို စိတ်ပေါက်နေတာလဲ
စကားတစ်ခွန်းလောက်ပြောခဲ့သင့်တာ
ဆယ်ဖီဟာ လူ့ကျင့်ဝတ်ကို မကျင့်ဘူး
အထီးကျန်ခြင်းကို ဆယ်ဖီလို့နာမည်ပေးမယ်
ဘယ်သူဟာ ဆယ်ဖီပဲ
ဆယ်ဖီဟာ ပြန်မရောက်တော့မည့် နေရာ
ဆယ်ဖီဟာ မျက်ရည်ခမ်းနေတဲ့ မျက်လုံး
ဆယ်ဖီဟာ ပုံတုံးဆန်းကြောင်
မယူခင်ကလို့ချရေုးပြီး
ရမှမရသေးတာကို ဆက်ပြောရတာ
လမ်းညွန်ဆိုင်းဘုတ်တွေဟာ
လမ်းပေါ်က လူတွေအတွက်ပဲဆိုတာ
ဆယ်ဖီသိခဲ့တယ်
ဆယ်ဖီ ခိုးကြည့်တယ်
သူခိုးသေဖော်ညှိကြည့်တယ်
ငါးမျှားချိတ်က ငါးဟာ
လွှတ်ခနဲ ခုန်ထွက်သွားတယ်
ငါးကလေးအတွက်
ချိတ်ကို ရိုက်ချိုးခဲ့တယ်
ဆယ်ဖီက ငါမရပ်ပါဘူးလို့ ဆိုတယ်
ဟားဟား
လမ်းခွဆုံရောက်ပြီ
တစ်လမ်းဟာ ပိတ်ထားပြီး
နောက်က ဟွန်းတီးနေကြပြီ
ဆယ်ဖီအိမ်ပြန်ခဲ့ရတယ်
ကျမဆီမလာနဲ့ ဆိုလား ကြားတယ်
တိုက်အမြင့်ကြီးကိုတက်တယ်
ရောက်ခါနီးမှ သော့မပါလာဘူး
ဆယ်ဖီဟာ လုပ်ရိုးလုပ်စဉ်တွေနဲ့
လမ်းဟောင်းမှာ အဆင်မပြေတာသေချာတယ်
မီးခိုးငွေ့တွေဟာ ဆယ်ဖီ့ကိုသောက်သွားပြီ
ဆယ်ဖီ ရေလောင်းတဲ့အပင်ရှိတယ်
နှစ်ပေါင်းများစွာကြာမှ
ရေမကြိုက်တဲ့အပင်ကို မြင်ဖူးခဲ့တယ်
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဆယ်ဖီ ၂
ကလီမန်ဂျားရိုး ဘီယာဟာ
မြန်မာဘီယာလောက် မစွံပါဘူးတဲ့
ဆယ်ဖီ ဘဝင်မြင့်တယ်
ဘဝင်မြင့်ရင်
ဘဝမြင့်လာမယ် လို့
ဆယ်ဖီထင်တယ်လေ
ဘာတတ်နိုင်သေးလဲ
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဆယ်ဖီ ၃
ကားပေါ်က မမက
ဆိုက်ကားပေါ်က ဆယ်ဖီ့ကို ကြည့်တယ်
ပြုံးပြတာ နာရတယ်ဆိုလား
ဟုတ်ပါ့မလား
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဖောက်ခွဲပစ်လိုက်ဖို့လည်း
မလုံလောက်ဘူး ဆယ်ဖီ
ဒါဆို ဘာကို စိတ်ပေါက်နေတာလဲ
စကားတစ်ခွန်းလောက်ပြောခဲ့သင့်တာ
ဆယ်ဖီဟာ လူ့ကျင့်ဝတ်ကို မကျင့်ဘူး
အထီးကျန်ခြင်းကို ဆယ်ဖီလို့နာမည်ပေးမယ်
ဘယ်သူဟာ ဆယ်ဖီပဲ
ဆယ်ဖီဟာ ပြန်မရောက်တော့မည့် နေရာ
ဆယ်ဖီဟာ မျက်ရည်ခမ်းနေတဲ့ မျက်လုံး
ဆယ်ဖီဟာ ပုံတုံးဆန်းကြောင်
မယူခင်ကလို့ချရေုးပြီး
ရမှမရသေးတာကို ဆက်ပြောရတာ
လမ်းညွန်ဆိုင်းဘုတ်တွေဟာ
လမ်းပေါ်က လူတွေအတွက်ပဲဆိုတာ
ဆယ်ဖီသိခဲ့တယ်
ဆယ်ဖီ ခိုးကြည့်တယ်
သူခိုးသေဖော်ညှိကြည့်တယ်
ငါးမျှားချိတ်က ငါးဟာ
လွှတ်ခနဲ ခုန်ထွက်သွားတယ်
ငါးကလေးအတွက်
ချိတ်ကို ရိုက်ချိုးခဲ့တယ်
ဆယ်ဖီက ငါမရပ်ပါဘူးလို့ ဆိုတယ်
ဟားဟား
လမ်းခွဆုံရောက်ပြီ
တစ်လမ်းဟာ ပိတ်ထားပြီး
နောက်က ဟွန်းတီးနေကြပြီ
ဆယ်ဖီအိမ်ပြန်ခဲ့ရတယ်
ကျမဆီမလာနဲ့ ဆိုလား ကြားတယ်
တိုက်အမြင့်ကြီးကိုတက်တယ်
ရောက်ခါနီးမှ သော့မပါလာဘူး
ဆယ်ဖီဟာ လုပ်ရိုးလုပ်စဉ်တွေနဲ့
လမ်းဟောင်းမှာ အဆင်မပြေတာသေချာတယ်
မီးခိုးငွေ့တွေဟာ ဆယ်ဖီ့ကိုသောက်သွားပြီ
ဆယ်ဖီ ရေလောင်းတဲ့အပင်ရှိတယ်
နှစ်ပေါင်းများစွာကြာမှ
ရေမကြိုက်တဲ့အပင်ကို မြင်ဖူးခဲ့တယ်
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဆယ်ဖီ ၂
ကလီမန်ဂျားရိုး ဘီယာဟာ
မြန်မာဘီယာလောက် မစွံပါဘူးတဲ့
ဆယ်ဖီ ဘဝင်မြင့်တယ်
ဘဝင်မြင့်ရင်
ဘဝမြင့်လာမယ် လို့
ဆယ်ဖီထင်တယ်လေ
ဘာတတ်နိုင်သေးလဲ
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဆယ်ဖီ ၃
ကားပေါ်က မမက
ဆိုက်ကားပေါ်က ဆယ်ဖီ့ကို ကြည့်တယ်
ပြုံးပြတာ နာရတယ်ဆိုလား
ဟုတ်ပါ့မလား
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဆယ်ဖီ ၎
ပြဿနာ မဖြစ်တော့လည်း
ဖေ့စဘွတ်ဟာ
ပျင်းစရာကြီး
ရှင်ကျန်နေတာလား
ရှင်သန်နေတာလား
ဆယ်ဖီ
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ပြဿနာ မဖြစ်တော့လည်း
ဖေ့စဘွတ်ဟာ
ပျင်းစရာကြီး
ရှင်ကျန်နေတာလား
ရှင်သန်နေတာလား
ဆယ်ဖီ
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
ဆယ်ဖီ ၅
တိုက်ပေါ်က ခုန်ချမယ်
သံဇကာတွေ ကာထားလို့ပေါ့ကွာ
ဆယ်ဖီဟာ အငုံ့စိတ်ကြီးနဲ့
ကုလို့မပျောက်နိုင်သေး
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
တိုက်ပေါ်က ခုန်ချမယ်
သံဇကာတွေ ကာထားလို့ပေါ့ကွာ
ဆယ်ဖီဟာ အငုံ့စိတ်ကြီးနဲ့
ကုလို့မပျောက်နိုင်သေး
လွမ်းတေးချို
၁၅.၁၂.၂၀၁၆
Comments
Post a Comment