အမည်ပေးမထား
အမည်ပေးမထား
ဟိုးမှာကြည့်
ဟိုးနောက်ဖက်ကိုလှည့်ကြည့်လိုက်
တကယ်ကြည့်လိုက်တော့ ဘာမှလည်း မဟုတ်ဘူး ဘာမှလည်း ရှိတာမဟုတ်ဘူးဆိုတာ
ခင်ဗျားသိသွားတဲ့အခါ ဘယ်လိုခံစားရမလဲ
ဟိုးနောက်ဖက်ကိုလှည့်ကြည့်လိုက်
တကယ်ကြည့်လိုက်တော့ ဘာမှလည်း မဟုတ်ဘူး ဘာမှလည်း ရှိတာမဟုတ်ဘူးဆိုတာ
ခင်ဗျားသိသွားတဲ့အခါ ဘယ်လိုခံစားရမလဲ
လာလာ ခင်ဗျားကျနော့်နောက်ကိုလို်က်ခဲ့
ဘယ်ကိုမှ လမ်းလျှောက်သွားတာတော့မဟုတ်ပါဘူး
စကားလုံးတွေနောက်ကို လိုက်ခဲ့လို့ပြောတာပါ
ဘယ်ကိုမှ လမ်းလျှောက်သွားတာတော့မဟုတ်ပါဘူး
စကားလုံးတွေနောက်ကို လိုက်ခဲ့လို့ပြောတာပါ
ကမ္ဘာကြီးမှာ အနာတွေရှိတယ် မဟုတ်လား
ကဗျာ နဲ့ အနာကို ကုကြမယ်လေ
ရောဂါတစ်ခုခုကိုရွေးလိုက်
ကဗျာတစ်ပုဒ်ဖတ် ရေတစ်ခွက်မော့သောက်လိုက်
အဲ့ဒီရောဂါ ပျောက်စေသတည်းပေါ့
ကဗျာ နဲ့ အနာကို ကုကြမယ်လေ
ရောဂါတစ်ခုခုကိုရွေးလိုက်
ကဗျာတစ်ပုဒ်ဖတ် ရေတစ်ခွက်မော့သောက်လိုက်
အဲ့ဒီရောဂါ ပျောက်စေသတည်းပေါ့
ခင်ဗျားတို့ ကျနော်နဲ့ အတူရှိသေးလား
အတူရှိသေးရင် လိုက်ဆိုကြည့်မလား
ကဗျာ ပူဇေမိ
ကဗျာ အား ပူဇော်ပါ၏
ကဲလက်အုပ်ကလေးချီ လိုက်ဆို
ကဗျာ ပူဇေမိပေါ့
အတူရှိသေးရင် လိုက်ဆိုကြည့်မလား
ကဗျာ ပူဇေမိ
ကဗျာ အား ပူဇော်ပါ၏
ကဲလက်အုပ်ကလေးချီ လိုက်ဆို
ကဗျာ ပူဇေမိပေါ့
ခင်ဗျားလည်း ဘာကိုဆိုလိုချင်တာလဲလို့ သိချင်နေပြီ မဟုတ်လား
အဲ့ဒါဆိုရင် ကျနော်ပြောပြမယ်
မျက်လုံးလေးကို မှိတ်လိုက်
ခင်ဗျားတို့အားလုံးမျက်လုံးမှိတ်မယ်ဆိုရင် ပြောပြမယ်
အဲ့ဒါဆိုရင် ကျနော်ပြောပြမယ်
မျက်လုံးလေးကို မှိတ်လိုက်
ခင်ဗျားတို့အားလုံးမျက်လုံးမှိတ်မယ်ဆိုရင် ပြောပြမယ်
ကျနော်တို့အားလုံးခရီးတစ်ခုဆီသွားကြမယ်
အခု အခန်းပေါက်ဝကို ရောက်နေပြီ
ဖိနပ်တွေစီးလိုက်ကြပြီ
တချို့  ခြေညှပ်ဖိနပ် ၊ တချို့ ကဂွင်းထိုးဖိနပ်
တချို့ ကတော့ ဘွတ်ဖိနပ် ကိုယ်စီနဲ့
အခု အခန်းပေါက်ဝကို ရောက်နေပြီ
ဖိနပ်တွေစီးလိုက်ကြပြီ
တချို့  ခြေညှပ်ဖိနပ် ၊ တချို့ ကဂွင်းထိုးဖိနပ်
တချို့ ကတော့ ဘွတ်ဖိနပ် ကိုယ်စီနဲ့
ဟုတ်ပြီ အခန်းပေါက်ဝမှာ မြင်း ခုနှစ်ကောင်ဆွဲတဲ့ ရထားတစ်စင်းထိုးရပ်လိုက်ပြီ
ကျနော်တို့အားလုံး မြင်းရထားပေါ်တက်လိုက်ကြ
မြင်းရထားဟာ ကောင်းကင်ပေါ် တစ်ဟုန်ထိုးပျံသန်းသွားကြပြီ
ကျနော်တို့အားလုံး မြင်းရထားပေါ်တက်လိုက်ကြ
မြင်းရထားဟာ ကောင်းကင်ပေါ် တစ်ဟုန်ထိုးပျံသန်းသွားကြပြီ
ပြတင်းတံခါးကို မဖွင့်နဲ့ လေတိုက်နှုန်းက နည်းနည်းတော့ပြင်းတယ်
သိပ်မကြာလိုက်ဘူး
ကျနော်တို့ မြင်းရထားကြီးထိုးရပ်သွားပြီ
တံခါးတွေဟာ အလိုအလျောက် ပွင့်သွားပြီ
သိပ်မကြာလိုက်ဘူး
ကျနော်တို့ မြင်းရထားကြီးထိုးရပ်သွားပြီ
တံခါးတွေဟာ အလိုအလျောက် ပွင့်သွားပြီ
ရထားပေါ်က ဆင်းလိုက်တာနဲ့ တောအုပ်ကလေး တစ်ခုထဲရောက်နေတာတွေ့ရမယ်
တောအုပ်ထဲမှာ သစ်သီးတွေ
ပန်းသီးလိုမျိုး အနီရောင်သစ်သီး
ပန်းသီပင်အောက်မှာ အသင့်ဖြည့်ထားတဲ့ ၀ိုင်ခွက်တွေရှိနေမယ်
ဘေးနားမှာ ၀ိုင်ခွက်လှီးတဲ့ ဓားကိုတွေ့မယ် ၀ိုင်ရဲ့ အရောင်က ခရမ်းရောင်
ခရမ်းရောင်ဝိုင်ခွက်ကို တရှိန်ထိုးမော့သောက်လိုက်ပြီ
ခရီးသွားတဲ့လမ်းတလျောက်မှာ ကျနော်တို့ပင်ပန်းခဲ့ပြီလေ

ဗိုက်ထဲကဆာသလိုရှိလာတယ်
ပန်းသီးလိုအသီးကို ခူးစားလိုက်မယ် အသင့်ရှိနေတဲ့ဓားနဲ့ အလယ်ကနေ ထက်ဝက်ခြမ်းလိုက်တယ်
အသီးရဲ့ အတွင်းသား တစ်ဖက်ခြမ်းဟာ အပန်းရောင် နောက်တစ်ဖက်အခြမ်းက အ၀ါရောင်
အသီးရဲ့  တစ်ဝက်ကို ဓားနဲ့ပြန်ခြမ်းကြည့်တဲ့ အခါ တစ်ခြမ်းက အနီရောက် တစ်ခြမ်းက အနက်ရောင်
ဒီအသီးဟာ ဘာအသီးလဲလို့ သင်တွေးမိလိုက်တယ်ဆိုရင် လည်း တွေးလိုက်ပါ
ဗိုက်ဆာဆာနဲ့ အသီးကို ကိုက်စားလိုက်တယ်
အရသာ အရမ်းရှိလိုက်တာ ၊ ဆာတဲ့အချိန်မှာ စားတဲ့အစားအစာက အရသာ အရှိဆုံးမဟုတ်လား
အသီးတစ်လုံးကုန်သွားတယ် ။ သင်ရပ်လိုက်လို့ မရဘူး စားချင်စိတ်ထပ်ဖြစ်တယ်
နောက်တစ်လုံးထပ်ခူးတယ် ဓားနဲ့တောင်မလှီးဘူး ဒီအတိုင်းကိုက်စားတယ်
တစ်ကိုက်ကိုက်လိုက်တိုင်း အသီးရဲ့ အတွင်းသားဟာ အရောင်ပြောင်းသွားတယ်
အရောင်ပြောင်းတာကို ကြည့်လိုက် အရသာခံ စားလိုက်နဲ့ ကျနော်တို့ ဗိုက်ပြည့်သွားကြတယ်

ခင်ဗျားတို့ ကျနော့်ဆီဘာလို့ လိုက်လာခဲ့တာလဲ
အဲ့ဒီမေးခွန်းဟာ ခင်ဗျားတို့အတွေးထဲမှာ ရှိနေခဲ့သေးလား
မရှိတော့ဘူးဆိုရင်
မျက်လုံးတွေပြန်ဖွင့်ကြည့်လိုက်ရပါပြီ
ကျနော့် ကဗျာက ဘာလဲ
ကျနော့် ကဗျာက ဘယ်လဲ
ဘာမှလည်း မဟုတ်ပါဘူးပေါ့
အဲ့ဒီမေးခွန်းဟာ ခင်ဗျားတို့အတွေးထဲမှာ ရှိနေခဲ့သေးလား
မရှိတော့ဘူးဆိုရင်
မျက်လုံးတွေပြန်ဖွင့်ကြည့်လိုက်ရပါပြီ
ကျနော့် ကဗျာက ဘာလဲ
ကျနော့် ကဗျာက ဘယ်လဲ
ဘာမှလည်း မဟုတ်ပါဘူးပေါ့
လွမ်းတေးချို
မေလ ၆ ရက် ၂၀၁၇
မေလ ၆ ရက် ၂၀၁၇
Comments
Post a Comment