တောက်တီးတောက်တဲ့ကွာ တောက်တဲ့ဟာ ငါ့ကိုကြည့်နေတယ်
တောက်တီးတောက်တဲ့ကွာ တောက်တဲ့ဟာ ငါ့ကိုကြည့်နေတယ်
ခေါင်မိုးမျက်နှာကြက်မှာ ဘာကောင်ဖြစ်မလဲ မသိဘူး
ဓာတ်မီးနဲ့ထိုးကြည့်တယ်
မလှုပ်မယှက်ငြိမ်နေတဲ့အကောင်
မင်းလည်း မင်းနေရာနေ ငါလည်းငါ့နေရာနေမယ်
ဓာတ်မီးနဲ့ထိုးကြည့်တယ်
မလှုပ်မယှက်ငြိမ်နေတဲ့အကောင်
မင်းလည်း မင်းနေရာနေ ငါလည်းငါ့နေရာနေမယ်
စည်းတွေမတားတာ ကောင်းတယ်လို့ငါသိခဲ့တယ်
တော်တော်ကြာ အထဲရောက်နေတဲ့အကောင်
ပြန်မထွက်ဘဲ နေရင် ဘယ့်နှယ့်လုပ်မလဲ
တော်တော်ကြာ အထဲရောက်နေတဲ့အကောင်
ပြန်မထွက်ဘဲ နေရင် ဘယ့်နှယ့်လုပ်မလဲ
ဟိုဖက်အခန်းက အသံတွေကြားတယ်
တောင်ပံခတ်သံလိုလို
လမ်းလျှောက်သံလိုလို
ငါခန့်မှန်းမရတဲ့ အသံတွေနဲ့
ပြီးတော့ လူမရှိတာလည်း ငါသိနေတယ်
တောင်ပံခတ်သံလိုလို
လမ်းလျှောက်သံလိုလို
ငါခန့်မှန်းမရတဲ့ အသံတွေနဲ့
ပြီးတော့ လူမရှိတာလည်း ငါသိနေတယ်
ခေါင်းမြီးခြုံပြီးအိပ်တယ်
ငါ့ညကို အဲ့ဒီအကောင်က ယူသွားပြီ
ဗိုက်ထဲမှာ တစ်ခုခု ဆာလာသလို
ငါ့ညကို အဲ့ဒီအကောင်က ယူသွားပြီ
ဗိုက်ထဲမှာ တစ်ခုခု ဆာလာသလို
စာမေးပွဲအတွက် စာကြိုးစားသလို
ငါ ကြိုးစားပြီးအိပ်တယ်
အိပ်လို့ မရသေးတဲ့ငါ
ငါမရသေးတဲ့ အိပ်စက်ခြင်း
ငါတို့ဝေးနေဆဲပေါ့
ငါ ကြိုးစားပြီးအိပ်တယ်
အိပ်လို့ မရသေးတဲ့ငါ
ငါမရသေးတဲ့ အိပ်စက်ခြင်း
ငါတို့ဝေးနေဆဲပေါ့
တစ်ယောက်ယောက်နဲ့ စကားပြောရင်
ငါပိုသက်သာမလား
နာရီကိုကြည့်တယ်
၁နာရီ ခွဲ
မဟုတ်သေးပါဘူး
ငါပိုသက်သာမလား
နာရီကိုကြည့်တယ်
၁နာရီ ခွဲ
မဟုတ်သေးပါဘူး
ရုတ်တရတ်အိပ်ပျော်သွားပြီး
အကောင်အော်သံတစ်ချက်ကြောင့်
ငါလန့်နိုးတယ်
မနက်လင်းသွားပြီ
ရှည်ရှည်လျားလျားတောက်တဲ့ဟာ ငါ့ခေါင်းရင်းမှာ
အကောင်အော်သံတစ်ချက်ကြောင့်
ငါလန့်နိုးတယ်
မနက်လင်းသွားပြီ
ရှည်ရှည်လျားလျားတောက်တဲ့ဟာ ငါ့ခေါင်းရင်းမှာ
လွမ်းတေးချို
၃၀.၃.၂၀၁၇
၃၀.၃.၂၀၁၇
Comments
Post a Comment