အဟွတ်အဟွတ် ချောင်းတွေဆိုးသွားပြီ
အဟွတ်အဟွတ် ချောင်းတွေဆိုးသွားပြီ။
ကျွန်တော်တို့တွေဟာ ဖုန်မှုန့်လေးတွေဖြစ်တယ်
တစ်ခါတစ်ခါ စုပေါင်းမိတဲ့ အခါ ဖုန်ထ ပါတယ်
ခွေးတွေ ခုန်တဲ့အခါ ဖုန်ထ တယ်
ကားတွေ ဖြတ်သွားတဲ့ အခါ ဖုန်ထ တယ်
တစ်ခါတစ်လေလည်း ထမင်းဝိုင်းမှာ အုပ်ဆောင်းအုပ်ပြီး အကာခံရတယ်
ဖုတ်ဖတ်ခါပြီး ထွက်သွားသူတွေလည်းရှိရဲ့ 
စကြာဝဠာ ကြီးနဲ့ နှိုင်းရင် ကျွန်တော်တို့ဟာ သိပ်သေးငယ်တာပေါ့
အဲဒီဖုန်မှုန့်လေးတွေဟာ သိပ်ကြီးမားတဲ့ စကြာဝဠာ ထဲမှာ ရှိတာအသေအချာပေါ့
ကောင်မလေးတစ်ယောက် လက်ကလေးနဲ့ မျက်လုံးကို ပွတ်သပ် မျက်ရည်ကလေးဝဲတဲ့အခါ
သေချာပြီ ဖုန်မှုန့်ကလေး နေရာမှားသွားပြီ။
အဲဒီဖုန်မှုန့်လေးတွေပေါ့ ရေနဲ့ အလောင်းခံ ရသတဲ့
အဲဒီဖုန်မှုန့်လေးတွေပေါ့ တံမြက်စည်းနဲ့ အလှည်းခံရသတဲ့။
အဲဒီဖုန်မှုန့်ကလေးတွေပေါ့ နေရောင်ခြည် အလင်းတန်းအောက်မှာ ထင်းနေအောင် မြင်ရသတဲ့

တစ်ခါတစ်ခါ စုပေါင်းမိတဲ့အခါ ဖုန်ထပါတယ်။

လွမ်းတေးချို
၁၀ နာရီ ၅၆ မိနစ် (နံနက်ခင်း)
၁၈.၃.၂၀၁၄
၁၀ နာရီ ၅၆ မိနစ် (နံနက်ခင်း)
၁၈.၃.၂၀၁၄
Comments
Post a Comment