ရောင်းမကောင်းတဲ့ ဘ၀တွေ

ရောင်းမကောင်းတဲ့ ဘ၀တွေ

ဈေးရောင်းတာ သိပ်အောက်ကျလွန်းတယ်ကွာ
အဘရဲ့  မျက်ရည်ဝဲ၀ဲ  အသံတုန်တုန် စကားလုံးတွေဟာ
လိမ္မော်သီးတွေထဲကို ထိုးဖောက်ဝင်ရောက်သွားတယ်
အိမ်ပြန်ရောက်တော့
သူ့လိမ္မော်သီးဟာ တစ်ခုခုလိုနေတယ်
လိုနေတာကို လိုက်ရှာဖို့ မလိုနေတာကို အရင်ဖယ်ထုတ်ရတယ်
ပိုးပေါက်မပါဘူး
ပျော့ပြဲမနေဘူး
သိပ်လည်း မချဉ်လှသလို
သိပ်လည်းမချိုဘူး
ထုံးစံအတိုင်း တရုတ်က သွင်းတာ
သဘာဝ အရသာတော့မဟုတ်ဘူး
ဂလူးကို့စ်တွေ အရည်ဖျော်ထားသလို
အစေ့သိပ်မပါဘူး
ဘာလိုသေးလဲ လိမ္မော်သီး တစ်လုံးမှာ ဘာလိုသေးသလဲ
ရောင်းသူ ၀ယ်သူ အသံတူပြီးသားလေ
လိုနေတာ ဘာဖြစ်မလဲ

လွမ်းတေးချို
၁၉.၁.၂၀၁၇

၃း၃၀ နာရီ ( ညနေခင်း) 

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်