၂၀၁၆ ရှင်းတမ်း
၂၀၁၆ ရှင်းတမ်း
ဘာတွေလုပ်ဖြစ်သလဲလို့ပြန်စဉ်းစားတိုင်း ဘာမှ အဖတ်မတင်သလိုခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်အားမရတဲ့နှစ်ပါပဲ ။ ဘောင်းဘီတွေဝတ်မရတော့ဘူး ။ အင်္ကျီတွေ ကြယ်သီးတပ်မရတော့ဘူး ။ ဖွံ့  ဖြိုးကြီးထွားလာတဲ့နှစ်လို့ အမည်ပေးရမှာပါ။ အားကစားနည်းနည်းလုပ်ဖြစ်ပြီး ပြန်ရပ်သွားတယ် ။ ပြီးတော့ အစားအသောက်ဖက်ကို ဦးတည်ဖြစ်သွားတယ်ပေါ့ ။
မိသားစု
ရခါစတုန်းက ဘာရယ်မဟုတ်ဘဲ စကားတွေများကြတယ်။ ကြီးကြီးကျယ်ကျယ်ရန်ဖြစ်စရာမရှိတော့ အိမ်မှုကိစ္စတွေမှာ သူလုပ်ငါလုပ်နဲ့ ကတောက်ကဆ ဖြစ်တော့တာပါပဲ ။ နောက်တော့ မီးပူတိုက်၊ အိမ်ရှင်းဖို့ လူတစ်ယောက်ဌားလိုက်တာတော်တော်လေး အဆင်ပြေသွားတယ်။ နှစ်ကုန်ပိုင်းရောက်လာလေလေ တစ်ယောက်နဲ့တစ်ယောက် ပိုအဆင်ပြေလာလေလေပဲ ။ တစ်ချို့ ကိစ္စတွေက သူကိုယ့်အပေါ်မျှော်လင့်ထားတာနဲ့ ကိုယ်သူ့အပေါ်မျှော်လင့်ထားတာ ထပ်တူမကျတာတွေပေါ့ ။ ဒါလေးတောင်မသိဘူးလား ။ ဒါလေးတော့သိသင့်တာပေါ့ တွေ ဖြစ်ကြပါရော ။ တစ်ယောက်ကိုတစ်ယောက် အဆုံးစွန်ထိတော့ ဘယ်သိနိုင်ပါ့မလဲ ။ စကားများများပြောဖြစ်အောင် ပိုကြိုးစားခဲ့တယ်။ ပိုလည်းနားထောင်ဖြစ်တယ်။ သူ့ကိုလည်း ဒီထက်ပိုပြီး နားထောင်ခြင်းအနုပညာကို မွေ့လျော်စေချင်တာ နောင်နှစ်တွေအတွက် ဆန္ဒပေါ့ ။
အဝေးရောက်မိသားစုတွေနဲ့တော့ ဒုံရင်းဒုံရင်းပါပဲ ။ သိပ်လည်းဂရုမစိုက်ဖြစ်ဘူး။ ဒါလည်း အရင်ကတည်းကဒါမျိုးဖြစ်နေကြပဲ ။
သူငယ်ချင်း
ကဗျာမိတ်ဆွေအသစ်တွေထပ်ရတယ်။ လုပ်ငန်းခွင်မှာလည်း လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ပေါ့ ။ ငယ်ဘော်ဒါတွေနဲ့ စကားပိုပြောဖြစ်တယ်။ အိမ်ထောင်အသီးသီးကျသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေ တူနေတာ ၊ ပြဿနာတွေ ဆင်တူဖြစ်နေတာ တွေ့ရတယ်။ တချို့ အကြောင်းအရာတွေဟာ ဖြေရှင်းဖို့လိုအပ်တာမျိုးမဟုတ်ပဲ ဖွင့်ထုတ်ပြောဆိုဖို့သာ လိုအပ်နေတာမျိုးတွေတွေ့လာရတယ်။
ကဗျာ
ကဗျာ အများဆုံးရေးဖြစ်တဲ့နှစ်ပဲ ။ အထူးသဖြင့် ကဗျာ စီးရီးတွေရေးဖြစ်တယ်။ ခံရပုံချည်းချည်း ငါးဆယ်ကျော်သွားတယ်။ စကားထာ ၊ ဆယ်ဖီ ၊ ၀တ်မှုန်ကူးခြင်း ၊ လမ်း စသည်ဖြင့် ။ နှစ်ကုန်ခါနီးမှ အစဉ်တစိုက်ရေးဖြစ်နေတာတွေက အမှတ်စဉ်တစ်နှစ်သုံးလေး တပ်ထားတဲ့ ငယ်ဘ၀ မှတ်စု ပုံစံမျိုးတွေပဲ ။ အဲ့ဒါလည်း နှစ်ဆယ်ကျော်သွားပြီ။ စာအုပ် review သုံးပုဒ်လားမသိဘူးရေးဖြစ်တယ်။ ကဗျာရွတ်ပွဲတွေတက်ဖြစ်တယ်။ ကိုယ်တိုင်လည်း စီစဉ်တဲ့အထဲ ပါဖြစ်သွားတယ်။ ကဗျာဗီဒီယိုလေး နှစ်ခုရိုက်ဖြစ်တယ်။ တစ်ခုကတော့ edit လုပ်နေဆဲပဲ ။ နောက်နှစ်မှ တင်ဖြစ်မယ်ထင်တယ်။ ကဗျာ ဘာသာပြန်တာ နှစ်ပုဒ်သုံးပုဒ်လောက်လုပ်ဖြစ်တယ်။ စာမူခ ၂၁၀၀၀ တိတိရတယ် ။ ကဗျာရေးစားရင် အတော်ချမ်းသာမည့်နှစ်ပဲ ။ ဘာပဲဖြစ်ဖြစ် ကဗျာတွေ ဆက်ရေးဖြစ်ဦးမယ်လို့တော့ထင်တယ်။
ခရီး
အလုပ်နဲ့ပက်သက်ပြီးလည်း အလွန်ဆုံးသွားရတာ ပဲခူးပဲ ။ ချစ်သူနဲ့ ထိုင်းကို အလည်သွားဖြစ်တယ်။ တောင်ကြီးတန်ဆောင်တိုင်ပြန်ဖြစ်တယ်။ US သွားရမယ်ဆိုပြီး သူငယ်ချင်းတွေလှမ်းအကြောင်းကြား လည်ဖို့ပတ်ဖို့စီစဉ်နေတာ ခရီးစဉ်ပျက်သွားတယ်။ တစ်ခါတစ်ခါ မျှော်လင့်ထားရင် ပိုပြီး နာကျင်ရတတ်တယ် မဟုတ်လား ။
လုပ်ငန်းခွင်
တက်စီခ မကုန်တော့ဘူး။ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို မခံရဘူး။ ဆိုက်ကားအများဆုံးစီးဖြစ်တဲ့နှစ်ပဲ ။ တက်စီခ ပိုထွက်လာတယ်။ ပြီးတော့ဘယ်တွေရောက်ကုန်မှန်းမသိတော့ဘူး။ အရင်နှစ်ကုန်ပိုင်းမှာ ပြောင်းလာတဲ့အလုပ်ဆိုတော့ နှစ်စပိုင်းမှာ culture shock တွေအများကြီးရတယ်။ စည်းသစ်ဘောင်သစ်တွေထဲမှာ ကိုယ့်ကိုယ်ကိုယ် အသားကျဖို့ မနည်းရုန်းကန်ရတယ်။ ကိုယ်ရည်ကိုယ်သွေးမတူညီတဲ့ အထက်လူကြီးတွေရဲ့  ဦးဆောင်မှု ပညာကို လေ့လာခွင့်ရတယ်။ ကောင်းတယ်မကောင်းတယ်ဆိုတာထက် အော် ငါဘာတွေမျှော်လင့်နေပါလိမ့်လို့ ကိုယ့်ကိုယ်ကိုယ်ပြန်နှစ်သိမ့်ခဲ့ရတယ်။ ဦးဆောင်မှု ပညာကို ကိုယ်ကိုယ်တိုင်လက်တွေ့ သိပ်မကျွမ်းကျင်ပေမယ့် သီအိုရီအရ ကိုယ်သိတာတွေလည်း အများကြီးမဟုတ်လား။ အရင်တုန်းက နိုင်ငံခြားသားဆိုရင် ကိုယ်ကူညီပေးတာတွေအရမ်းများတယ်။ အခုနှစ်ပို်င်းမှာတော့ လူတစ်ယောက်ချင်းစီနဲ့ ထိုက်တန်တဲ့ တုန့်ပြန်မှုမျိုးကိုပဲ ပိုပေးဖြစ်တော့တယ်။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် အလုပ်ကို ရာနှုန်းပြည့်အားစိုက်ပြီး မလုပ်ဖြစ်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်မိတယ်။ နောက်နှစ်ထဲတော့ အလုပ်တွေပိုလုပ်ဖြစ်လိမ့်မယ်။
ပညာရေး
ဘာကျောင်းမှ မတက်ဖြစ်ဘူး။ တစ်နှစ်ပတ်လုံးမှ သင်တန်းတစ်ခုပဲ တက်ဖြစ်တယ်။ ဒါလည်း ရုံးက တက်ခိုင်းလို့ တက်လိုက်ရတဲ့သင်တန်း။ ဒါပေမယ့် ကိုယ့်အတွက်တော်တော်လေး အကျိုးရှိသွားတယ်။ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ စာအုပ် အနည်းအကျဉ်းဖတ်ဖြစ်တယ်။
ပြီးတော့
ဘာရေးရမှန်းမသိလို့ ရပ်လိုက်ပါတယ် ။
လွမ်းတေးချို
ဘာတွေလုပ်ဖြစ်သလဲလို့ပြန်စဉ်းစားတိုင်း ဘာမှ အဖတ်မတင်သလိုခံစားရတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်အားမရတဲ့နှစ်ပါပဲ ။ ဘောင်းဘီတွေဝတ်မရတော့ဘူး ။ အင်္ကျီတွေ ကြယ်သီးတပ်မရတော့ဘူး ။ ဖွံ့  ဖြိုးကြီးထွားလာတဲ့နှစ်လို့ အမည်ပေးရမှာပါ။ အားကစားနည်းနည်းလုပ်ဖြစ်ပြီး ပြန်ရပ်သွားတယ် ။ ပြီးတော့ အစားအသောက်ဖက်ကို ဦးတည်ဖြစ်သွားတယ်ပေါ့ ။
မိသားစု
ရခါစတုန်းက ဘာရယ်မဟုတ်ဘဲ စကားတွေများကြတယ်။ ကြီးကြီးကျယ်ကျယ်ရန်ဖြစ်စရာမရှိတော့ အိမ်မှုကိစ္စတွေမှာ သူလုပ်ငါလုပ်နဲ့ ကတောက်ကဆ ဖြစ်တော့တာပါပဲ ။ နောက်တော့ မီးပူတိုက်၊ အိမ်ရှင်းဖို့ လူတစ်ယောက်ဌားလိုက်တာတော်တော်လေး အဆင်ပြေသွားတယ်။ နှစ်ကုန်ပိုင်းရောက်လာလေလေ တစ်ယောက်နဲ့တစ်ယောက် ပိုအဆင်ပြေလာလေလေပဲ ။ တစ်ချို့ ကိစ္စတွေက သူကိုယ့်အပေါ်မျှော်လင့်ထားတာနဲ့ ကိုယ်သူ့အပေါ်မျှော်လင့်ထားတာ ထပ်တူမကျတာတွေပေါ့ ။ ဒါလေးတောင်မသိဘူးလား ။ ဒါလေးတော့သိသင့်တာပေါ့ တွေ ဖြစ်ကြပါရော ။ တစ်ယောက်ကိုတစ်ယောက် အဆုံးစွန်ထိတော့ ဘယ်သိနိုင်ပါ့မလဲ ။ စကားများများပြောဖြစ်အောင် ပိုကြိုးစားခဲ့တယ်။ ပိုလည်းနားထောင်ဖြစ်တယ်။ သူ့ကိုလည်း ဒီထက်ပိုပြီး နားထောင်ခြင်းအနုပညာကို မွေ့လျော်စေချင်တာ နောင်နှစ်တွေအတွက် ဆန္ဒပေါ့ ။
အဝေးရောက်မိသားစုတွေနဲ့တော့ ဒုံရင်းဒုံရင်းပါပဲ ။ သိပ်လည်းဂရုမစိုက်ဖြစ်ဘူး။ ဒါလည်း အရင်ကတည်းကဒါမျိုးဖြစ်နေကြပဲ ။
သူငယ်ချင်း
ကဗျာမိတ်ဆွေအသစ်တွေထပ်ရတယ်။ လုပ်ငန်းခွင်မှာလည်း လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ပေါ့ ။ ငယ်ဘော်ဒါတွေနဲ့ စကားပိုပြောဖြစ်တယ်။ အိမ်ထောင်အသီးသီးကျသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေ တူနေတာ ၊ ပြဿနာတွေ ဆင်တူဖြစ်နေတာ တွေ့ရတယ်။ တချို့ အကြောင်းအရာတွေဟာ ဖြေရှင်းဖို့လိုအပ်တာမျိုးမဟုတ်ပဲ ဖွင့်ထုတ်ပြောဆိုဖို့သာ လိုအပ်နေတာမျိုးတွေတွေ့လာရတယ်။
ကဗျာ
ကဗျာ အများဆုံးရေးဖြစ်တဲ့နှစ်ပဲ ။ အထူးသဖြင့် ကဗျာ စီးရီးတွေရေးဖြစ်တယ်။ ခံရပုံချည်းချည်း ငါးဆယ်ကျော်သွားတယ်။ စကားထာ ၊ ဆယ်ဖီ ၊ ၀တ်မှုန်ကူးခြင်း ၊ လမ်း စသည်ဖြင့် ။ နှစ်ကုန်ခါနီးမှ အစဉ်တစိုက်ရေးဖြစ်နေတာတွေက အမှတ်စဉ်တစ်နှစ်သုံးလေး တပ်ထားတဲ့ ငယ်ဘ၀ မှတ်စု ပုံစံမျိုးတွေပဲ ။ အဲ့ဒါလည်း နှစ်ဆယ်ကျော်သွားပြီ။ စာအုပ် review သုံးပုဒ်လားမသိဘူးရေးဖြစ်တယ်။ ကဗျာရွတ်ပွဲတွေတက်ဖြစ်တယ်။ ကိုယ်တိုင်လည်း စီစဉ်တဲ့အထဲ ပါဖြစ်သွားတယ်။ ကဗျာဗီဒီယိုလေး နှစ်ခုရိုက်ဖြစ်တယ်။ တစ်ခုကတော့ edit လုပ်နေဆဲပဲ ။ နောက်နှစ်မှ တင်ဖြစ်မယ်ထင်တယ်။ ကဗျာ ဘာသာပြန်တာ နှစ်ပုဒ်သုံးပုဒ်လောက်လုပ်ဖြစ်တယ်။ စာမူခ ၂၁၀၀၀ တိတိရတယ် ။ ကဗျာရေးစားရင် အတော်ချမ်းသာမည့်နှစ်ပဲ ။ ဘာပဲဖြစ်ဖြစ် ကဗျာတွေ ဆက်ရေးဖြစ်ဦးမယ်လို့တော့ထင်တယ်။
ခရီး
အလုပ်နဲ့ပက်သက်ပြီးလည်း အလွန်ဆုံးသွားရတာ ပဲခူးပဲ ။ ချစ်သူနဲ့ ထိုင်းကို အလည်သွားဖြစ်တယ်။ တောင်ကြီးတန်ဆောင်တိုင်ပြန်ဖြစ်တယ်။ US သွားရမယ်ဆိုပြီး သူငယ်ချင်းတွေလှမ်းအကြောင်းကြား လည်ဖို့ပတ်ဖို့စီစဉ်နေတာ ခရီးစဉ်ပျက်သွားတယ်။ တစ်ခါတစ်ခါ မျှော်လင့်ထားရင် ပိုပြီး နာကျင်ရတတ်တယ် မဟုတ်လား ။
လုပ်ငန်းခွင်
တက်စီခ မကုန်တော့ဘူး။ ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို မခံရဘူး။ ဆိုက်ကားအများဆုံးစီးဖြစ်တဲ့နှစ်ပဲ ။ တက်စီခ ပိုထွက်လာတယ်။ ပြီးတော့ဘယ်တွေရောက်ကုန်မှန်းမသိတော့ဘူး။
ပညာရေး
ဘာကျောင်းမှ မတက်ဖြစ်ဘူး။ တစ်နှစ်ပတ်လုံးမှ သင်တန်းတစ်ခုပဲ တက်ဖြစ်တယ်။ ဒါလည်း ရုံးက တက်ခိုင်းလို့ တက်လိုက်ရတဲ့သင်တန်း။ ဒါပေမယ့် ကိုယ့်အတွက်တော်တော်လေး အကျိုးရှိသွားတယ်။ ရုပ်ရှင်တွေကြည့်ဖြစ်တယ်။ စာအုပ် အနည်းအကျဉ်းဖတ်ဖြစ်တယ်။
ပြီးတော့
ဘာရေးရမှန်းမသိလို့ ရပ်လိုက်ပါတယ် ။
လွမ်းတေးချို
Comments
Post a Comment