အုံ့ပုန်း

အုံ့ပုန်း ၁
အချစ်ဟာ အိမ်နောက်ဖေးပေါက်က၀င်လာပြီး
အိမ်နောက်ဖေးပေါက်ကနေပဲ ပြန်ထွက်သွားခဲ့ရတယ်
လွမ်းတေးချို
၂၇.၄.၂၀၁၆

အုံ့ပုန်း ၂
ကားတွေက အရမ်းကြပ်တော့ 
လမ်းဟာ ဘယ်နားထိုးရပ်ရမှန်းမသိ
လွမ်းတေးချို

အုံ့ပုန်း ၃
မျှော်မောကြီးဆိုပေမယ့် 
မျှော်လို့လည်းမဝ 
မောလို့လည်းမဝ
လွမ်းတေးချို

အုံ့ပုန်း ၎
နောက်ကျတာ နောက်ကျတဲ့အတိုင်းထား
လည်ချောင်းအပေါက်ကြီးနဲ့ ရေသောက်
ချွေးတွေဟာ ခန္ဓာကိုယ်ပေါ် ကုန်းရုန်းတက်လာ
လူသားဆန်တဲ့ ရုပ်ရှင်များ
ဝေဝေဝါးဝါး ရှော့ခ်
လက်လက်စ လျှပ်စီးများ
လွမ်းတေးချို


အုံ့ပုန်း ၅
အလွတ်ရမရ မသေချာဘူး
အမှတ်ပြည့် ရချင်တာ
စနစ်အမှားကြီးထဲမှာ 
လူလာဖြစ်တာ
လွမ်းတေးချို

အုံ့ပုန်း ၆
ဘယ်တုန်းက စ ခဲ့လဲတော့မသိဘူး။
သိလိုက်တဲ့အချိန်မှာ စ မိနေပြီ
ဘယ်တုန်းက စလောင်တဲ့မီးလဲ ။ 
သိလိုက်တဲ့အချိန်မှာ လောင်မီးကျနေပြီ ။
လွမ်းတေးချို


အုံ့ပုန်း ၇
ဘယ်သူမှ မဖန်ဆင်းတဲ့ ကမ္ဘာ တစ်ခုရှိတယ်
အဲ့ဒီကိုသွားမယ်
ဟင့်အင်း မလိုက်ရဲဘူး
လွမ်းတေးချို


အုံ့ပုန်း ၈
ဒီနေ့လုပ်ရင် ဒီနေ့ရမယ် ဆိုတဲ့ အချစ်မျိုးနဲ့
တက်မလာ ခဲ့ပါနဲ့လို့
တိုင်တည်တယ်
လွမ်းတေးချို


အုံ့ပုန်း ၉
ဘယ်သူက ဘာကိုမျှော်လင့်ပြီး
ကမ္ဘာကြီးထဲ မျှော်လင့်ခြင်းကို ပစ်ထည့်လိုက်တာလဲ
လွမ်းတေးချို

အုံ့ပုန်း ၁၀
ဟုတ်တယ် ငါဟာ လူတွေရဲ့
အသိအမှတ်ပြုမှုကို
သိပ်ခုံမင်တယ်
မင်းရဲ့အာရုံစိုက်မှုကို မရရှိတဲ့နောက်
ဒါပဲဖြေသိမ့်စရာ ရှိတာ မဟုတ်လား
လွမ်းတေးချို


အုံ့ပုန်း ၁၁
ဘယ်ရုပ်ရှင်တွေပဲကြည့်ကြည့် အသဲကွဲအခန်းတွေကိုဆို ကျော်မပစ်ဘူး
ခံစားတယ် ၊ နာကျင်တယ် ။ ငါသိတယ် ။
ငါကျော် ပစ်လို့ မရနေဘူး
ဟိုး ဘလော့ခေတ် တုန်းက ငါ့နံရံပေါ်မှာ ရေးထားတယ်
လွမ်းရဲ သူများသာ တဲ့
လွမ်းတေးချို

Comments

Popular posts from this blog

စာဟောဆရာ

ပညာရှိအယောင်ဆောင်တုန်းက ကိုယ့်သီဝရီ က ကဗျာကိုဖျက်ဆီး

ပန်းကလေးနဲ့ ကျနော်