နွေရောက်လာတော့
နွေရောက်လာတော့
ကျနော်တို့ တွေ့မိကြတယ်
ညကို မတွယ်ငြိ နဲ့လို့ ကပ်တိုးလေး ပြောအပြီးမှာ
ရှာမတွေ့ တော့လောက်အောင် ပျောက်ချက်သားကောင်းလိုက်ကြတယ်
ညကို မတွယ်ငြိ နဲ့လို့ ကပ်တိုးလေး ပြောအပြီးမှာ
ရှာမတွေ့ တော့လောက်အောင် ပျောက်ချက်သားကောင်းလိုက်ကြတယ်
ဘုရားကိုလည်း မတ မိစေနဲ့
တရားကိုလည်း မတ မိစေနဲ့
အပူဟာ ဘာနဲ့မှ ကာ မရ
တရားကိုလည်း မတ မိစေနဲ့
အပူဟာ ဘာနဲ့မှ ကာ မရ
မျက်စိမျက်နှာပျက်ပြီး
ကောင်းသားပဲ မဆိုးပါဘူးတွေ တန်းစီသုံးလိုက်ကြတယ်
အစစ်နဲ့ နီးဖို့အတွက် အတုစစ်စစ်တွေ စတေးပစ်ရတယ်
ကောင်းသားပဲ မဆိုးပါဘူးတွေ တန်းစီသုံးလိုက်ကြတယ်
အစစ်နဲ့ နီးဖို့အတွက် အတုစစ်စစ်တွေ စတေးပစ်ရတယ်
နောက်တော့
တွေ့ဆုံခြင်းကို ရပ်ဆိုင်း ၊ ရှေ့ ဆက် ၊ ရုန်းထွက်
သံသရာရဲ့  အရိပ်ဟာ ဘယ်လောက်ထိရှည်မလဲ
မလွတ် ၊ မကျွတ် တဲ့ အချစ်ကြောင့် ဖျားရမယ်
တွေ့ဆုံခြင်းကို ရပ်ဆိုင်း ၊ ရှေ့ ဆက် ၊ ရုန်းထွက်
သံသရာရဲ့  အရိပ်ဟာ ဘယ်လောက်ထိရှည်မလဲ
မလွတ် ၊ မကျွတ် တဲ့ အချစ်ကြောင့် ဖျားရမယ်
ပူမယ် လောင်မယ်
ပူးမယ် လောင်းမယ်
နှစ်ဦးသား ပူးသတ်တဲ့ အကွက်ဟာ ရေခံမြေခံပြောင်းသွား
ပြတင်းကိုဖွင့်ထားမိတော့ အလင်းဟာ ၀င်လာတော့တာပါပဲ
ပူးမယ် လောင်းမယ်
နှစ်ဦးသား ပူးသတ်တဲ့ အကွက်ဟာ ရေခံမြေခံပြောင်းသွား
ပြတင်းကိုဖွင့်ထားမိတော့ အလင်းဟာ ၀င်လာတော့တာပါပဲ
လျို့ ဝှက်ထားသောဇစ်ရဲ့  ဇစ်မြစ်ကို
တိုးတိုးလေး ကူးခတ် ရှာတယ်
ပြီးတော့
တိတ်တိတ်လေး လွမ်းတယ်လို့ပြောပြီး
မပြောမပြီး ရင်ထဲမှာ
မတီးဘဲ မြည်ခဲ့တဲ့ဗုံတွေ
တိုးတိုးလေး ကူးခတ် ရှာတယ်
ပြီးတော့
တိတ်တိတ်လေး လွမ်းတယ်လို့ပြောပြီး
မပြောမပြီး ရင်ထဲမှာ
မတီးဘဲ မြည်ခဲ့တဲ့ဗုံတွေ
လွမ်းတေးချို
၁၀.၄.၂၀၁၇
၉ နာရီ ၂၃ မိနစ် ( ညပိုင်း)
၁၀.၄.၂၀၁၇
၉ နာရီ ၂၃ မိနစ် ( ညပိုင်း)
Comments
Post a Comment