လူပြိန်းတွေရဲ့ နားဟာ လိုသလို ပိတ်လိုက် ၊ စွင့်လိုက်
လူပြိန်းတွေရဲ့ နားဟာ လိုသလို ပိတ်လိုက် ၊ စွင့်လိုက်
ဒီကောင်တွေက ဒီလိုပဲ ပြီးဆုံးသွားခဲ့တယ်မဟုတ်လား
အဆင်ပြေရုံလောက်နဲ့ တော့ ငါတို့ဆီမလာခဲ့ပါနဲ့
ပြောပြောပြီး ကြွေခဲ့ရတဲ့ သစ်ရွက်တွေလည်း မနည်းဘူး
မကြွေချင်ဘဲ ခြွေခံရတဲ့ သစ်ရွက်တွေလည်း မနည်းဘူး
ငါတို့က ဆင်းရဲတယ်
သိမ်းငှက်နိုင်ငံသားတွေက ဘ၀င်ရူးတွေ
ဘ၀င်ရူးတွေကို လေထိုးပြီး ပင့်မြှောက်သူတွေကိုလည်းငါတွေ့ရ
ဘ၀င်ရူးတွေကို ကြိတ်မှိတ်ပြီး တမ်းတ နေသူတွေကိုလည်း ငါကြုံရ
ဘ၀င်ရူးတွေက ငါတို့ကို ကူဖို့လာတာတဲ့
တစ်ခါတစ်လေ ရွံစရာဆိုတာ မြင်နေကြအရာမျိုး ဟုတ်မနေဘူး
ရွာနာတယ် ရွာဟာ နာသထက်နာလာတယ်

လွမ်းတေးချို
၁၄.၃.၂၀၁၇
၁၄.၃.၂၀၁၇
လူပြိန်းတွေရဲ့ နားဟာ လိုသလို ပိတ်လိုက် ၊ စွင့်လိုက် ၂
ရေချိုးပေးထားတဲ့ကြောင်ဟာ အကောင်ထွားလာတယ်
ရေမချိုးရရင် ဖျားချင်သလိုဖြစ်လာတယ်
ကြောင်အတွက် အထူးကု ဆရာဝန်ခေါ်ထားရတယ်
ကြောင်ဟာ သူ့ကိုယ်သူ အထင်ကြီးလာတယ်
သူ မရှိရင် မဖြစ်ဘူးလို့ထင်လာတယ်
နောက်တော့ ကြောင်တွေဟာ တော်ဝင်မျိုးနွယ်ဖြစ်လာတယ်
ပူဇော်ပသ ခြင်းခံရတယ်
ကြောင်တွေဟာ ဆုံးဖြတ်သူတွေဖြစ်လာခဲ့တယ်
ကြောင်တွေရဲ့ လက်ထဲမှာ အရာရာ
အလုပ်မရှိ ကြောင်ရေချိုးတဲ့သူတွေ ရေးခဲ့တဲ့သမိုင်းပေါ့ ။

Comments
Post a Comment